Main menu

Background

ရေရှည်တည်တံ့မဲ့ စီးပွားရေးအဖြစ် အသွင်ကူးပြောင်းဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုတိုက်တွန်း

Thu, 02/18/2010 - 06:40 -- Anonymous (not verified)

   ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်တွန်းလှန်ရာတွင် ရေရှည်ပိုမိုတည်တံ့နိုင်မဲ့ အသွင်ကူးပြောင်းမှုကို အလေးပေးလုပ်ဆောင်ဖို့ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ဖွံ့ဖြိုးရေးအဖွဲ့က ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တိုက်တွန်းထားတယ်လို့ ဗီယက်နမ်သတင်းဌာနကပြောကြားပါ တယ်။   မျက်မှောက်ခေတ်မှာ ထွန်းကားနေတဲ့နည်းပညာတွေကြောင့် ပိုမိုထိရောက်၊ သဘာ၀၀န်းကျင်နဲ့လိုက်ဖက်ပြီး လူမှုရေးအရ တူညီမျှ တဲ့ စီးပွားရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်လို့ အန်းတက်အဖွဲ့ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။   ဝင်ငွေနိမ့်ကျပြီး ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေက ''မြစိမ်းရောင်'' အဆောက်အဦတွေအပါအဝင် စွမ်းအင်အရည်အသွေးတိုးတက်စေမဲ့ အစီအမံအမျို မျိုးချမှတ် ဆောင်ရွက်သင့်တယ်လို့ အန်းတက်အဖွဲ့ကပြောကြားပါတယ်။   နေစွမ်းအင်သုံး ဘက်ထရီ၊ လေစွမ်းအင်နဲ့ ဇီဝဓါတ်ငွေ့စတဲ့ စွမ်းအင်တွေကိုသုံးစွဲရင် လေထုသန့်ရှင်းမှုကိုရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုမိုပေါ်ပေါက်နိုင်တယ်လို့ပြောကြားပါတယ်။   ခိုင်မာတောင်တင်းတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက်လိုအပ်တဲ့ အစီအမံတွေချမှတ်ဆောင်ရွက်ခြင်း၊ သြဂဲနစ် စိုက်ပျိုးရေးနည်းပညာများကိုအသုံးပြုခြင်း၊ လယ်ယာစိုက်ပျိုးထုတ်လုပ်မှုမှာ ဓာတုဆေးဝါးတွေအသုံးပြုမှုကို လျှော့ချနိုင်ဖို့အတွက် အင်းဆက်ပိုးများကိုအသုံးပြု၍ ပိုးမွှားများကို ထိန်းချုပ်ခြင်းစသည့်နည်းလမ်းများကို ကျင့်သုံးသွားဖို့ အစိုးရများကို အန်းတက်အဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။ Source: Bernama.comဉာဏ်တင်