Main menu

Background

ရော်ဘာ

Thu, 02/18/2010 - 03:29 -- Anonymous (not verified)

နယ်စပ်ကုန်သွယ်မှု         ယခု ဖေဖော်ဝါရီလ ဒုတိယပတ်အတွက် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ RSS-3 ရော်ဘာ ၁၀၁၂ တန်နှင့် ချင်းရွှေဟော် နယ် စပ်ကုန်သွယ်ရေးမှ RSS-3 ရော်ဘာ တန် ၂၀ ကို တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။      မြန်မာ-တရုတ်နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ R.S.S-3  ရော်ဘာဈေးနှုန်းကို ယခင်အပတ်နဲ့ အောက်ပါအတိုင်း နှိုင်းယှဉ်လေ့လာနိုင်ရန် ဖော်ပြလိုက်ပါတယ်-    နယ်စပ်စခန်း             ဈေးနှုန်း            ယခုအပတ်    ယခင်အပတ်     မူဆယ်             မိမိဘက်ဈေး (ကျပ်)    ၂၉၆၄၆၀၀    ၂၉၇၀၁၂၀                    တရုတ်ဘက်ဈေး (ဒေါ်လာ)    ၃၁၅၇         ၃၁၅၆    ချင်းရွှေဟော်      မိမိဘက်ဈေး (ကျပ်)    ၂၅၀၈၀၀၀    ၂၅၀၈၀၀၀                    တရုတ်ဘက်ဈေး (ဒေါ်လာ)   ၂၈၆၇          ၂၈၆၇     ယခုနှစ်ကူးကာလဖြစ်နေလို့ အရောင်းအဝယ်ပါးနေပြီး နှစ်ကူးကာလပြီးရင်တော့ ဝယ်လိုအားအနည်းငယ်ပြန်တက်လာနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။