Main menu

Background

ရော်ဘာ

Wed, 02/24/2010 - 10:01 -- Anonymous (not verified)

နယ်စပ်မှာ တရုတ်ကိုပဲ အဓိကပို့    ယခုဖေဖော်ဝါရီလ တတိယပတ်အတွက် ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေး စခန်းမှ RSS-3 ရော်ဘာတန် ၁၀၀ကို တစ်ဘက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့တယ် လို့သတင်းရရှိပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှာဖြစ်ပေါ်နေတဲ့ RSS-3 ရော်ဘာ ဈေးနှုန်းကို ယခင်အပတ်နဲ့ အောက်ပါအတိုင်း နှိုင်းယှဉ်လေ့လာနိုင်ရန် ဖော်ပြလိုက် ပါတယ်။နယ်စပ်စခန်း             ဈေးနှုန်း                       ယခင်ပတ်        ယခုပတ်    ချင်းရွှေဟော်       မိမိဘက်ဈေး(ကျပ်)              ၂၅၀၈၀၀၀        ၂၅၀၈၀၀၀                        တရုတ်ဘက်ဈေး(ဒေါ်လာ)     ၁၉၀၀၀            ၂၈၆၇    တရုတ်နှစ်ကူးကာလဖြစ်လို့ မိမိဘက်ရောင်းလိုအား ရှိသော်လည်း တစ်ဘက် ဝယ်လိုအား မရှိသလောက် နည်းခြင်းကြောင့် တစ်ဘက်ဝယ်ဈေး လျော့ နည်းရခြင်းဖြစ်ပါတယ်။နယ်စခန်းအသီးသီးမှ ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလထိ ရော်ဘာတန်ချိန် ၃သောင်းကျော်၊တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၆သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။                                              MIRT(DOBT)ဒီတစ်ပတ်မှာ မလေရှား၊ ကိုရီယား၊ ဗီယက်နမ်တင်ပို့    ဖေဖော်ဝါရီလ တတိယအပတ်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ကနေ ရော်ဘာ၆၈၂ဒသမ၈တန်၊ တန်ဖိုးဒေါ်လာ ၁ဒသမ၅၁၂သန်းဖိုး တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဒုတိယအပတ်က တန်ချိန် ၄၈၆ဒသမ၆တန် တင်ပို့ ခဲ့တာထက် ဒီတစ်ပတ်မှာ ၁၉၆တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။    ဒီတစ်ပတ်မှာမလေးရှားနိုင်ငံကို တန်ချိန် ၄၂၀၊တန်ဖိုး ဒေါ်လာ ၉သိန်း ကျော်ဖိုးတင်ပို့နိုင်ခဲ့သလို တောင်ကိုရီးယားနိုင်ငံကို တန်ချိန် ၂၀၁ဒသမ၆တန် ၊တန် ဖိုး ဒေါ်လာ ၄သိန်းကျော်နဲ့ ဗီယက်နမ်နိုင်ငံကို တန်ချိန်၆၁တန်၊တန်ဖိုးဒေါ်လာ ၁သိန်းခွဲ နီးပါးတင်ပို့ခဲ့ပါတယ်။၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ တတိယပတ်အထိ ရော်ဘာတန်ချိန် ၃၃၀၅၇တန် ၊တန်ဖိုးကန် ဒေါ်လာ ၅၄သန်း ခန့်တင်ပို့ပြီး ဖြစ်တယ်လို့ သိရပါတယ်။                                               MIRT(DOBT)ဈေးကျလို့ ဝယ်မရတာကြောင့် ဈေးပြန်တိုးပေး    ဇန်နဝါရီတတိယပတ်မှာ RSS-3  တစ်ပေါင် ၁၁၉၄ ကျပ်၊ RSS-5  တစ် ပေါင် ၁၁၃၉ ကျပ်အထိ အမြင့်ဆုံးရောက်ခဲ့တဲ့ တနင်္သာရီတိုင်း ရော်ဘာဈေးနှုန်းဟာ ဇန်နဝါရီ နောက်ဆုံးပတ်ကစပြီး၊ ဈေးကျလာလို့ ပြည်တွင်းဈေးကွက်မှာ အရောင်း အဝယ်အေးလာခဲ့ပါတယ်။ ဖေဖော်ဝါရီဒုတိယပတ်မှာ RSS-3  တစ်ပေါင် ၁၀၈၃ ကျပ်၊ RSS-5 တစ်ပေါင် ၁၀၅၅ ကျပ်သို့ ဈေးကျခဲ့ လို့ ရော်ဘာဈေးကွက်ထဲကို ရော်ဘာ ဝင်ရောက်မှု နည်းလာတဲ့အတွက် ဝယ်လက်တွေက ယခုဖေဖော်ဝါရီ တတိယပတ်မှာ RSS-3   တစ်ပေါင် ၁၁၁၁ ကျပ်၊  RSS-5 တစ်ပေါင် ၁၀၈၃ ကျပ်နဲ့ ၂၈ ကျပ်ထိ တိုးမြှင့်ဝယ်ယူလာတယ်လို့သိရပါတယ်။                                                                                                                                  ဝင်းစိန်နိုင်ငံတကာရော်ဘာဈေးနှုန်း    နိုင်ငံတကာ ရော်ဘာဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပါတယ်။အကြောင်းကတော့ ရေနံဈေးပြန်လည် မြင့်တက်လာတာကြောင့်လို့ သုံးသပ်ကြပါ တယ်။ကမ္ဘာ့ရော်ဘာ အများဆုံးတင်ပို့တဲ့ ထိုင်းနိုင်ငံရဲ့ ရော်ဘာအဓိက စိုက်ပျိုးတဲ့ ဒေသတွေမှာ ရော်ဘာစေးခြစ်တဲ့ လုပ်ငန်းစတင်နေပါပြီ၊ယခုဆောင်းရာသီကာလ ဖေဖော်ဝါရီလမှာ ရော်ဘာရွက်ခြောက်များေ<ကပြီး ရော်ဘာစေးအထွက်နှုန်း နှေးတဲ့ အတွက် ဈေးကွက်ထဲရော်ဘာ ဝင်ရောက်မှု နည်းလို့ ဝယ်လိုအား မြင့်မားနိုင် တယ်လို့မျှော်လင့်ချက်ကြောင့် ရော်ဘာဈေးနှုန်းများ အနည်းငယ် ပြန်လည် တက် လာတယ်လို့သုံးသပ်ကြပါတယ်။နိုင်ငံတကာရော်ဘာဈေးနှုန်းများကို လေ့လာနိုင်ရန် ယခင်အပတ် ဈေးနှုန်းများနဲ့နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -တန်ဖိုး- ကန်ဒေါ်လာ    အမျိုးအစား                   ယခုပတ်    ယခင်ပတ်    ပြောင်းလဲမှု    Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4   SMR - 20(မလေးရှား)    ၃၀၁၇ .၀၀    ၂၉၇၂ .၀၀    + ၄၅    RSS-1(ထိုင်း)              ၃၂၀၂ .၀၀    ၃၁၆၃ .၅၀    + ၃၈ .၅    RSS-2(ထိုင်း)              ၃၁၈၃ .၅၀    ၃၁၄၅ .၅၀    + ၃၈    RSS-3(ထိုင်း)              ၃၁၆၇ .၀၀    ၃၁၂၈ .၅၀    + ၃၈ .၅   RSS-4(ထိုင်း)              ၃၁၅၈ .၀၀    ၃၁၁၉ .၅၀    + ၃၈ .၅   RSS-5(ထိုင်း)              ၃၁၄၄ .၅၀    ၃၁၀၆ .၀၀    + ၃၈ .၅   RSS-3(စင်ကာပူ)          ၃၁၈၇ .၅၀    ၃၀၅၁ .၀၀    + ၁၃၆ .၅    Source:rubberboard.orgMIRT(DOBT)