Main menu

Background

ရွှေဈေးကွက် ခပ်အေးအေးသွားနေ

Wed, 02/17/2010 - 06:02 -- Anonymous (not verified)

    ရန်ကုန်ရွှေဈေးကွက်အတွင်း ရွှေဈေးအကျနဲ့အတူ ဈေးကွက်ခပ်အေးအေး လည်ပတ်နေ ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းမှ သိရသည်။     ''ကမ္ဘာ့ရွှေဈေးအကျနဲ့အတူ မြန်မာ့ရွှေဈေးကိုလည်း ထပ်ကျမယ် ခန့်မှန်းနေကြတယ်။ ဝယ် လက်ကြီးသမားတွေကလည်း ဈေးထပ်ကျဦးမလားလို့ စောင့်ကြည့်တဲ့ အနေအထားမှာပဲရှိနေ တယ်။ တရုတ်နှစ်ကူးချိန်ဖြစ်တာကြောင့် အချို့ဝယ်ရောင်းတွေက အလုပ်ခဏရပ်ထားတာလဲ ပါတယ်။ အခြားလုပ်ငန်းတွေဘက် ပြောင်းလုပ်နေတဲ့ အရပ်ဝယ်လက်တွေလဲ ဝိုင်းထဲပြန်ဝင်မလာ သေးတာကြောင့် ဈေးကွက်ကငြိမ်ပြီး ခပ်အေးအေးပဲသွားနေတယ်'' ဟု ၎င်းအသင်းမှ ပြောကြား ပါတယ်။    ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက် (မနက်) ပိုင်းတွင်   အခေါက်ရွှေ    တစ်ကျပ်သားလျှင်   ၅၉၃၅ဝဝ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းတွင် ၅၉၂၇ဝဝ ကျပ် ဖြစ်ပေါ်ခဲ့သည်။ အလားတူ ကမ္ဘာ့ရွှေဈေးမှာလည်း မနက်ပိုင်းတွင် တစ်အောင်စလျှင် ၁ဝ၇၆ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်း တွင် ၁ဝ၇၃ ဒေါ်လာဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။  ခင်မျိုးသွယ်