Main menu

Background

ရွှေဈေး ၁ဝ၉ဝ အောက်ရောက်ရှိ

Wed, 02/10/2010 - 09:43 -- Anonymous (not verified)

    ရွှေဈေးနယူးယောက်မှာ ရွှေဈေး ၁ဝ၉ဝ အောက်ရောက်လာခြင်းက တရုတ်နိုင်ငံရဲ့ ပြောင်း လဲလာတဲ့ ငွေကြေးဆိုင်ရာ အစီအမံများကြောင့်ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ စက်မှု ထွက်ကုန်အများအပြားထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ငွေကြေးနဲ့ ဆက်သွယ်ချက်တွေက အလွန်ပြောင်းလွယ်ပြင်လွယ် တုံ့ပြန်မှုမြန်မြန်ဖြစ်တတ်တာမို့ စီးပွားရေးအတွက် အဟန့် အတား ဖြစ်မှာကိုလည်း စိုးရိမ်ကြပါတယ်။ ရွှေဈေးနယူးယောက်မှာ ၁ဝ၉၇ ဒေါ်လာကနေ တဖြည်းဖြည်း ကျလာတာက ဒေါ်လာကြောင့်ဖြစ်တယ်လို့ အများကထင်ခဲ့တယ်။ ဒါ့အပြင် အမေရိကန် ဂျီဒီပီကလည်း အရေးပါတဲ့အကြောင်းဖြစ်တယ်။ ဒေါ်လာခေါင်းထောင်လာလေ ရွှေဈေးထိခိုက် လေပါပဲလို့ သုတေသီ Daniel Smit က ပြောပါတယ်။    ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ ဗဟိုဘဏ်က ဘဏ်များကို  အရန်ရံပုံငွေကို အချိုးကျထား ရှိဖို့ ပြောဆိုခဲ့ကြတယ်။ ဂျပန်နိုင်ငံမှာလည်း ဆင်းရဲနိမ့်ပါးမှုအဆင့်ကို လျှော့ချနိုင်ခဲ့ကြောင်း လေ့လာချက်များက ဖော်ထုတ်နိုင်ခဲ့တာမို့ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူနေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေရောက်ပြီလို့ ရင်းနှီးမြုပ်နံှသူများက ရဲရဲဝံ့ဝံ့ပြောဆိုလာချိန်မှာ ရွှေဈေးက ၁ဝ၉ဝ အောက်ရောက်ခဲ့ပါတယ်။ တချို့သောရင်းနှီးသူများက အကျဈေးနဲ့ပဲ ဈေးကွက်ထဲ ပြန်ရောင်းခဲ့ ကြောင်း သိရပါတယ်။    Source:wall street.com, WWN