Main menu

Background

ရွှေထည်ဈေးကွက် အဝယ်တက်

Fri, 02/26/2010 - 15:51 -- Anonymous (not verified)

     ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရွှေဈေးနှုန်းများအကျဈေးဖြင့် တည်ငြိမ်နေသဖြင့် ရန်ကုန်ရွှေထည်ဈေးကွက်အတွင်း အရောင်းအဝယ် တက်လာကြောင်း သိရသည်။     ရွှေဈေးကျနေတာကြောင့် ရွှေထည်ပစ္စည်းရောင်းတဲ့ဆိုင်တွေ အဝယ်တက် လာတာကို တွေ့ရတယ်။ အရင်က ငါးမူးသားနဲ့ အောက် ရွှေထည်တွေကို အဝယ် များပေမယ့် အခုကျပ်သားပြည့် ရွှေထည်ပစ္စည်းတွေ အဝယ်လိုက်လာတယ်။ ရွှေ ထည် ပစ္စည်းဈေးကွက်မှာ ၁၅ ပဲရည်၊ ၁၄ ပဲရည်တွေနဲ့ ရောင်းတာဆိုပေမယ့် အခေါက်ရွှေဈေးကျရင် ရွှေထည်ပစ္စည်းဈေးလည်း လိုက်ကျ ပါတယ်။ အခေါက် ရွှေက ကမ္ဘာ့ရွှေဈေးကျတာကြောင့် ကျနေတဲ့သဘောပါ။ ဒီနှစ်ထဲမှာ အခေါက် ရွှေ တစ်ကျပ်သားကို ကျပ် ၆သိန်းအထက်မှာပဲ ရှိလိမ့်မယ်လို့ ခန့်မှန်းကြပေမယ့် အခု ၆ သိန်းအောက်မှာရောက်နေတာ တစ်လပြည့်တော့မယ်။ လူအများ ဝယ်လာ နိုင်တဲ့ ဈေးနှုန်းဆိုတော့ ကောင်းတဲ့လက္ခဏာလို့ ပြောလို့ရပါတယ်ဟု မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦး က ပြောပြသည်။                                                                                                     ခင်မျိုးသွယ်