Main menu

Background

ရွှေယမုံစက်ရုံအသစ်အတွက် ဒေါ်လာ ၅ သိန်း ရင်းနှီးလုပ်ကိုင်မည်

Tue, 02/23/2010 - 10:10 -- Anonymous (not verified)

ရွှေယမုံအအေးခန်းစက်ရုံအသစ်တစ်ခု ထူထောင်လုပ်ကိုင်ရန်အတွက် ဒေါ်လာ ငါးသိန်းဖြင့် စတင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီဖြစ်သည်။ ''အအေးခန်းစက်ရုံတစ်ခု ထူထောင်လုပ်ကိုင်ဖို့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ၃မိုင်မြို့သစ်မှာ မြေလေးဧက ယူထားပါတယ်။ စစချင်း ဒေါ်လာ ငါးသိန်း ရင်းနှီးမြှုပ်နှံ မှာဖြစ်ပြီး ဒေါ်လာသန်းဂဏန်းအထိ ထည့်ဝင်သွားနိုင်မယ်လို့ ထင်ပါတယ်။ စက်ရုံက ရေချို-ရေငန် ငါးပုစွန် ပြုပြင်ထုတ်လုပ်မှုတွေ လုပ်ကိုင်မှာပါ။ မတ်လနဲ့  ဧပြီလလောက်မှ လုပ်ငန်းစတင်နိုင်မယ်လို့ ခန့်မှန်းပါတယ်''ဟု EU တင်ပို့ခွင့်ရ ရွှေယမုံရေလုပ်ငန်းကုမ္ပဏီမှ လုပ်ငန်းရှင် ဦးထွန်းအေးက ပြောပြသည်။ လပွတ္တာမြို့နယ်မှာ ရေလုပ်ငန်းထွန်းကားသည့် မြို့ဖြစ်ပြီး၊ ယခုအခါ ကမ်းဝေးလိုင်စင်ရ စက်လှေ ၇၀ ခန့်နှင့် ကမ်းနီးစက်တပ်လှေ ၃၀၀ ခန့်ရှိသဖြင့် ကုန်ကြမ်းပေါများကာ လုပ်သားအင်အား အလွယ် တကူရနိုင်သည့် မြို့ဖြစ်ကြောင်းသိရသည်။                                      ခင်မျိုးသွယ်