တောင်ကြီးဈေးကွက်ကို ဖေဖော်ဝါရီလလယ်က ဟိုပုန်း၊ ရပ်စောက်၊ ကျေးသီးမြို့နယ်အပြင် ဆီဆိုင်၊ ကျောက်တစ်လုံး၊ အင်းလေးစတဲ့မြို့နယ်တွေကပါ အဝင်လှိုင်လာသလို မန္တလေး-မူဆယ်ဝယ်လက်နဲ့ ရန်ကုန်ပြည်ပတင်ပို့မှုတွေကြောင့် နနွင်း ဈေးကတက်လာပါတယ်။ ဖေဖော်ဝါရီလကုန်က နနွင်းတစ်ပိဿာ ၁၈ဝဝ ကျပ်ထိ ဈေးတက်ခဲ့ပြီး၊ ယခုအပတ်မှာ ယင်းဈေးနဲ့ ဘဲ တစ်ပတ်အတွင်း ပိဿာချိန် ၇ သောင်း အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်ကိုဝင်တဲ့ နနွင်း ခြောက်သစ်ကလည်း တစ်ပိဿာ ၁၆ဝဝ ကျပ်ဈေးမှာ ငြိမ်နေပြီး၊ တစ်ပတ်အတွင်း ပိဿာချိန် ၇ သောင်း အရောင်း အဝယ်ဖြစ်ကာ ရန်ကုန်နဲ့ စစ်တွေကို ထပ်ဆင့်တင်ပို့တယ်လို့ သိရပါတယ်။ ရွှေစင်
Background