Main menu

Background

ရှမ်းနနွင်းအသစ်အဟောင်းဈေးကောင်း

Sat, 03/06/2010 - 05:25 -- Anonymous (not verified)

    ရှမ်းနနွင်းတွေလည်း ဈေးကောင်းနေတုံးပါပဲ။ ဒီနှစ်ကအထွက်နှုန်းလျော့ပြီး ပြည်ပဝယ်လိုအားများနေတာကြောင့် ဈေးကောင်းရ နေတာဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ရှမ်းနနွင်းဈေးက ဒီတစ်ပတ် ထပ်တက်လာ ပါတယ်။ ပြီးခဲ့တဲ့ အပတ်က နနွင်းခြောက် တစ်ပိဿာ ၁၅၅ဝ ကျပ်-၁၆ဝဝ ကျပ်ဈေးရှိခဲ့ပါတယ်။     ဟိုပုံးမြို့နယ် ကျေးရွာတွေကထွက်တဲ့ နနွင်းကတောင်ကြီး ဈေးကွက်မှာ အရောင်းသွက်နေပါတယ်။ ဒီတစ်ပတ်မှာ ဈေးထပ်တက်လာပြီး နနွင်းခြောက် တစ်ပိဿာ ၁၈ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ပင်လောင်းဖက်ကထွက်ပြီး အောင်ပန်းဈေးကွက်ကို ဝင်တဲ့ နနွင်းခြောက်သစ်တွေက တစ်ပိဿာ ၁၆ဝဝ ကျပ် ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။             ဧဧခိုင်