Main menu

Background

ရှမ်းပြောင်း ဈေးကောင်း

Fri, 02/05/2010 - 12:57 -- Anonymous (not verified)

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်ပြောင်းဟာ မနှစ်ကထွက်တဲ့ အထွက်နှုန်းထက်အနည်းငယ်သာ လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ဒီနှစ်ထွက်တဲ့ ပြောင်းရဲ့ တစ်ဝက်ကတော့ စီးဆင်းသွားပြီးဖြစ်လို့ တောင်သူလက်ကျန်မရှိပဲ၊ လှောင်လက်တွေရဲ့ လက်မှာသာရှိ တော့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းက ပြောင်းတွေကို မန္တလေးကတစ်ဆင့် မူဆယ်ဘက်ကို အများဆုံးတင်ပို့ ကြတယ်လို့ သိရပါတယ်။ ဇန်နဝါရီလရဲ့ ပထမပတ်မှာ ပြောင်းဈေးဟာ တစ်ပိဿာ ၃ဝ၃ ကျပ်မှ ၃၁၂ ကျပ် အထိရှိခဲ့ပြီး၊ ဒုတိယ အပတ်မှာတော့ တစ်ပိဿာ ၃၁၅ ကျပ်မှ ၃၁၈ ကျပ် ရှိခဲ့ပါတယ်။     ဝယ်လိုအားကောင်းနေ တာကြောင့် ပြောင်းဈေးတွေထပ်တက် လာလို့ တတိယပတ်မှာ တစ်ပိဿာ ကို ၃၂ဝ ကျပ်မှ ၃၃ဝ ကျပ် အထိ ဈေးရှိလာပါတယ်။ လှောင်လက်တွေကလည်း ဈေးကောင်းကိုစောင့်ပြီး ရောင်းကြတာကြောင့် ဇန်နဝါရီနောက်ဆုံးအပတ်မှာ ပြောင်းဈေးဟာ ပိုကောင်းလာပါတယ်။ တစ်ပိဿာကို ၃၄ဝ ကျပ်၊ ၃၅ဝ ကျပ် အထိ တက်လာပြီး တစ်ပတ်အတွင်းမှာ ပိဿာချိန် ၅ သိန်းခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်တွေဆီက သိရပါတယ်။                                                 ဧဧခိုင်