Main menu

Background

ရှေ့ဆောင်လမ်းပြသင်ယူသူများဘာသာရပ်အလိုက်ထူးချွန်ထက်မြက်သူများဖြစ်ရန်လိုအပ်

Tue, 03/23/2010 - 10:28 -- Anonymous (not verified)

    နိုင်ငံခြားသို့သွားရောက် ပညာသင်ကြားလိုသူများအနေဖြင့် ရှေ့ဆောင်လမ်းပြကောင်းများဖြစ်စေရန် သင်ယူသည့် ဘာသာရပ် အလိုက် ထူးချွန်ထက်မြက်သူများဖြစ်စေရန် တစ်စိုက်မတ်မတ် လေ့လာသင်ယူသင့်ကြောင်း အင်္ဂလန်ပညာရေး လေ့လာသူ တစ်ဦးက ပြောကြားသည်။    ''လူငယ်တွေက အတုမြင်အတက်သင်အရွယ်ဆိုတော့ ရှေ့ကလူတွေရဲ့ ဦးဆောင်မှုကိုကြည့်ပြီး လိုက်တတ်ကြတယ်။ အခြေခံ စိတ်ကူးမရှိကြသေးဘူး။ ရှေ့ကဦးဆောင်တဲ့ လူတွေက သိပ္ပံ ပညာရှင်၊ စီးပွားရေး ပညာရှင်တွေအဖြစ် ရပ်တည်ပြရင် သူတို့က ဒါကိုအားကျပြီး ဒီပညာရှင်တွေ လိုဖြစ်အောင် ကြိုးစားလာကြမှာ။ ဒါကြောင့် လူငယ်တွေ အတွက်ရှေ့ဆောင်လမ်းပြက အရမ်းကို အရေးကြီးတယ်'' ဟု ယင်းကပြောသည်။ ယခုအခါ အင်္ဂလန်သို့သွားရောက် ပညာသင်ယူသူများတွင် အင်ဂျင်နီယာ ဘာသာရပ်ကို အများဆုံး စိတ်ဝင်တစား သင်ယူလာကြသည်။ အင်္ဂလန်နိုင်ငံတွင် အင်ဂျင်နီယာများအတွက် အလုပ် အကိုင် အခွင့်အလမ်းများပြားလာပြီး ရာသီဥတုဆိုးဝါးသည့်ဒဏ်ကို ကာကွယ်ရန်အတွက် အင်ဂျင် နီယာအမြောက်အမြား လိုအပ်နေသောကြောင့် စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း သိရသည်။    ကမ္ဘာတွင်လူဦးရေမှာ ၁၉၅ဝ ခုနှစ်မှစ၍ တစ်နှစ်လျှင် ၁ ဒသမ၈ ရာခိုင်နှုန်းနှစ်စဉ် တိုးလျက်ရှိပြီး ယခုအခါ တွင် ၂ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးလာသည့်အတွက် သေနှုန်း၊ မွေးနှုန်းယှဉ်ပါက မွေးနှုန်းကပိုမိုများလျက်ရှိသောကြောင့် စားသောက်ကုန်များထုတ် လုပ်ရန်လိုအပ် လာသလို၊ ထုတ်ကုန်ရောင်းချရန်၊ ဖလှယ်ရန် Business များလည်း လိုအပ်လာသောကြောင့် စီးပွားရေး ဘာသာ ရပ်ကိုလည်းစိတ်ဝင်စားသူများလာကြောင်းသိရသည်။