Main menu

Background

လက်ကျန်လျော့နည်းတာကြောင့် အိန္ဒိယနနွင်း ကြိုပွိုင့်ဈေးမြင့်တက်

Thu, 03/11/2010 - 06:22 -- Anonymous (not verified)

     နနွင်းလက်ကျန်လျော့ကျတာကြောင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အိန္ဒိယနနွင်းကြိုပွိုင့်ဈေးမြင့်တက်ခဲ့ပေမဲ့ လာမယ့် နနွင်းသစ်ရာသီမှာတော့ ပြည်ပတင်ပို့မှု လျော့ကျနေတာရယ်၊ နနွင်းအသစ်ဝင် ရောက်မှုတိုးတက်တာရယ်နဲ့ ပြည်တွင်း အရောင်းအဝယ်ထိုင်းတာရယ်ကြောင့် ဈေးနှုန်းကျဆင်းမယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလ အတွင်း နနွင်းသစ်ပြည်ပတင်ပို့မှုဟာ တန်ချိန် ၃၂၅ဝ ရှိလို့ ယမန်နှစ်ကာလတူထက် ၂၂ ဒသမ ၆၁ ရာခိုင်နှုန်းကျဆင်းခဲ့ တယ်လို့ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့က ဆိုပါတယ်။ နနွင်း သစ်ဝင်ရောက်မှုဟာ  ပုံမှန်အားဖြင့် ဇန်နဝါရီလလယ်မှာ စပြီး အနည်းငယ်ဝင်ရောက်မှုရှိပြီး မတ်လကနေ ဇွန်လထိ အမြောက်အမြား ဝင်ရောက်လေ့ရှိပါတယ်။ အင်ဒရာပရာဒေ့ရှ် ရဲ့အဓိက ဈေးကွက် Nizamabad  မှာ နနွင်းလက်ငင်းဈေးဟာ တစ်တန်ကို ရူပီး ၈၅၈ဝ၇ ဒသမ ၅ (ကန်ဒေါ်လာ ၁၈၇၄ ဒသမ ၈၇) ရှိပါတယ်။Sources: Reuters ယမင်းခင်