Main menu

Background

လတ်လတ်ဆတ်ဆတ်တွေ တကယ်သန့်ပြီလား

Wed, 02/10/2010 - 05:17 -- Anonymous (not verified)

   အသင့် ထုပ်ပိုးထားပြီး ဟင်းသီးဟင်းရွက်တွေကိုဝယ်စားရင်မစားမီဆေးကြောပါ။ ဒီအကြံပြုချက်ကို အိတ် သု့ိမဟုတ် ပလတ်စတစ် ဘူးများဖြင့် ထုပ် ပိုးထားတဲ့ ဟင်းသီးဟင်းရွက်နမူနာ ၂၀၈ မျိုးကို လေ့လာဆန်းစစ်ပြီးနောက်ပေးထားတာဖြစ်ပါတယ်။ ဒီလေ့လာမှုကို ကနေဒါ  စားသုံးသူများသမဂ္ဂက ဆောင်ရွက်ပေးပြီး စားသုံးသူအစီရင်ခံစာ မဂ္ဂဇင်း မတ်လထုတ်မှာ ဖော်ပြထားသလို ConsumerUnion.org ဝက်ဘ် ဆိုက်မှာ တင်ပြထားပါတယ်။ လူတွေရဲ့အစာချေလမ်းကြောင်းမှာတွေ့ရတဲ့ ကိုလီဖောင်းနဲ့ အင်တာရို ကိုးကတ် အပါ အဝင် ဘက်တီးရီးယားပိုးမွှားအမြောက်အမြားကို လေ့လာမှုပြုတဲ့ ပစ္စည်းတွေရဲ့ ၃၉ ရာခိုင်နှုန်းမှာတွေ့ရပါတယ်။   တွေ့ရှိရတဲ့ ဘက်တီးရီးယားတွေက ကျန်းမာရေးကောင်းနေသူအတွက် ပြဿနာမရှိနိုင်ပေမယ့် အသီးအရွက်တွေဟာ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ သန့်ရှင်းမှုအတွက် အပြည့်အဝအာမခံချက်မပေးနိုင်တာကို စမ်းသပ်ချက်တွေအရသိရပါတယ်လို့ စားသုံးသူ သမဂ္ဂမှ အကြီးတန်းသိပ္ပံပညာရှင် မိုကယ်ဟန်ဆင်းကပြောပါတယ်။ စစ်ဆေးတဲ့ နမူနာတွေထဲမှာ အထင်ကရကုမ္ပဏီကြီးတွေရဲ့ ဆိုင် တွေက ဝယ်ထားတဲ့ ကုန်ပစ္စည်းအမျိုးအစား ၁၆ မျိုး ပါဝင်တယ်လို့ဆိုပါတယ်။    Source: montrealgazzette.comဉာဏ်တင်