Main menu

Background

မုံရွာမြို့ ကုန်စည်ပြပွဲသို့ ကသာခရိုင် ဒေသထွက်ကုန်ပစ္စည်းများဝင်ရောက်ပြသ

Wed, 02/18/2015 - 20:56 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

       (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် မုံရွာ မြို့၊ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်စည်ပြပွဲသို့ ကသာမြို့နယ်ထွက် မိုးတား လေးငါးချဉ်၊ အင်းတော်မှ တမလန်းနှင့် ပြုလုပ်ထားသည့် ပက်လက်ကုလားထိုင်၊ စားပွဲ စသည့်လူသုံးကုန်ပစ္စည်းများ၊ ဝန်းသိုမှ ဝါးခမောက်၊ ကောလင်းမှ ရေစိမ် ခေါက်ဆွဲ၊ ဗန်းမောက်နှင့် ပင်လည်ဘူးမှ သဘာဝပျားရည်နှင့် ပန်းပုလုပ်ငန်းများဝင် ရောက်ပြသကြပါတယ်။
''ခုလို ဒေသထွက်ပစ္စည်းတွေကို နေရာဒေသအနှံ့အပြားကသိဖို့ဆိုတာ ကျွန်တော်တို့ အင်အားနဲ့တင် ဖြစ်မလာနိုင်ပါဘူး။ ဒီလိုတစ်ပေါင်းတည်း၊ တစ်စည်း တည်း၊ တစ်နေရာထဲမှာ ဒေသစုံကနေ ပစ္စည်းမျိုးစုံ ကြည့်ရှု ရောင်းချနိုင်ဖို့အတွက် ကုန်စည်ပြပွဲတွေကို ကျင်းပပြုလုပ်ပေးတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ အများကြီး ကျေးဇူးတင်ရမှာပါ။ အရင်တုန်း က ဒေသတွင်း နီးစပ်ရာလောက်တင် ရောင်းချရတာကို၊ ခုတော့ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ တိုင်း၊ တိုင်းကနေတိုင်းပြင်ပ ဈေးကွက်ထိ မျှော်လင့်လို့ ရသွားတာပေါ့ဗျာ၊ နောက်နောင်တွေမှာလည်း ဖိတ်ကြားပေးပါ၊ ဝင်ရောက်ပြသသွားမှာပါလို့'' ပြပွဲတွင် ပါဝင်ပြသသူတစ်ဦးက ပြောပြပါတယ်။                 

                     စွမ်းရည်-ကသာ