Main menu

Background

ဖေဖော်ဝါရီ ဒုတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေးမြင့် အရောင်းအဝယ်သွက်

Wed, 02/18/2015 - 21:09 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

       ဖေဖော်ဝါရီ ဒုတိယပတ်တွင် ပြည်ပဲမျိုးစုံဈေးကွက်မှာ ဆောင်းပဲသစ်များ  ဆက်လက်ဝင်ရောက်လာသော်လည်း ပဲတီစိမ်းသီးနှံကတော့ ပဲအဝင်ပါးပြီး  လက်ကျန်လည်းမရှိ သလောက်ဖြစ်တဲ့အတွက် ဈေးကွက်အတွင်းမှာ အရောင်းအဝယ် အေးပြီး အခြားပဲများကတော့ နေ့စဉ်အရောင်းအဝယ်ဖြစ် လျက်ရှိခဲ့ပါတယ်။ မတ်ပဲ၊ ပဲစင်းငုံသီးနှံများမှာ ဈေးလည်းမြင့် လာသလို တစ်ရက်အိတ် ၃၀၀ ကျော်ထိ အရောင်းအဝယ် သွက်နေပါတယ်။ကုလားပဲသီးနှံကတော့ ဈေးငြိမ်နေပြီး အိတ် ၂၀၀ ကျော် ၃၀၀ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
       မတ်ပဲသီးနှံမှာ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည် မြို့နယ်များမှ အဝင်များလာပြီး ပဲဈေးမှာလည်း ယခင်တစ်ပတ် က တစ်တင်း ၂၅၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာ တစ်တင်း ၂၆၄၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့ ပါတယ်။ လှောင်သမားအဝယ်သိပ်မရှိဘဲ ရန်ကုန်ဝယ်လက်မှ နေ့စဉ် အိတ် ၂၅၀ ကျော် ၃၀၀ အထိ  ဝယ်ယူလျက်ရှိပါတယ်။ ယခုနှစ်မတ်ပဲဈေးမှာ ယခင်နှစ်က ကာလတူဈေးထက်ဈေး ပိုရနေတာကို တွေ့ရပါတယ်။ ယခင်နှစ်က ဖေေဖော်ဝါရီလ အတွင်း ပဲသစ်ပေါက်ဈေးနှုန်းမှာ တစ်တင်း ၁၈၅၀၀ ကျပ်ခန့် သာ ရှိခဲ့ပါတယ်။
        ပဲစင်းငုံသီးနှံမှာ ဒေသတွင်းမြို့နယ်များဖြစ်သော ပန်း တောင်း၊ သဲကုန်း၊ ရွှေတောင်၊ ပေါက်ခေါင်းဖက်မှ ဝင်ရောက်ခဲ့ လို့ တစ်ရက် အိတ် ၄၀၀ ကျော်ထိ အဝင်များခဲ့ပါတယ်။ ဝယ် လက်ကတော့ ရန်ကုန်ဝယ်လက်မှ နေ့စဉ် ဝယ်ယူနေလို့ အိတ် ၄၀၀ ကျော်နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲဈေးမှာ လည်း ယခင်တစ်ပတ်ထက်  တစ်တင်း တစ်ထောင်ကျပ်ခန့် ဈေးပိုလာလို့ ယခုတစ်ပတ် ပဲစင်းငုံဈေးမှာ တစ်တင်း ၂၇၂၀၀ ကျပ်ဖြင့် ဈေးမြင့်တက်ခဲ့သလို အရောင်းအဝယ်လည်း  အခြား ပဲများထက် ပိုသွက်ခဲ့တယ်လို့ သိရပါတယ်။
ကုလားပဲသီးနှံမှာ ပဲသစ်ဝင်ရောက်မှု  နည်းနေတဲ့ အတွက်   ပဲဟောင်းရော ပဲသစ်ပါ နှစ်မျိုးလုံး အရောင်းအဝယ် ဖြစ်နေပါတယ်။ ခွဲစက်သမား အဝယ်နေ့စဉ် ရှိကာ တစ်ရက် အိတ် ၂၀၀ မှ ၃၀၀ ကျော် အရောင်းဖြစ်ခဲ့ပါတယ်။ ယခုတစ် ပတ်မှာ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသလို  ကုလားပဲဈေးနှုန်းက ယခင်နှစ်ဈေးနှင့်လည်း ကွာခြားမှုမရှိ ခဲ့တာကို တွေ့ရပါတယ်။ ယခင်နှစ်က ဖေဖော်ဝါရီလ ပဲဈေး မှာလည်း တစ်တင်း ၁၅၅၀၀ ကျပ်သာ ရရှိခဲ့ပါတယ်။
      ပဲကြီးသစ်များ အနည်းငယ်ဝင်ရောက်မှုရှိလာပေမယ့် ဈေးနှုန်းကတော့   (ရွှေကျွန်း)  တစ်တင်း ၂၁၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ ပဲဟောင်းလက်ကျန်များလည်း ရှိခဲ့လို့ ဒေသတွင်းပဲကြော်ဖို သမားများဖြင့် နေ့စဉ် အိတ် ၂၀၀ ကျော်ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲလွန်းဖြူသီးနှံကတော့  အခြားပဲများကဲ့သို့ အရောင်းအဝယ်သိပ်မသွက်ဘဲ တစ်ရက်အိတ် ၃၀ ကျော်သာ ဒေသတွင်း လက်လီသမားဝယ်ယူမှုရှိခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ ယခင်တစ်ပတ်ထက်  ဈေးပိုလာလို့  တစ်တင်း ၁၉၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။
ခင်ဆွေဝင်း-ပြည်