Main menu

Background

ကြက်သွန်နီ ပိုမိုတင်ပို့

Wed, 02/25/2015 - 21:00 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၁၅၉၈၈၇တန်ဖိုး ရှိ ကြက်သွန်နီ တန်၄၈၀ ကျော်နဲ့မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှကန်ဒေါ်လာ ၃၁၅၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅ တန် တင်ပို့ခဲ့ ပါတယ်။ယခင်ရက်သတ္တပတ်က မြဝတီ မှ တန် ၁၀၀ ကျော်နဲ့ မူဆယ်မှ ၃ တန် သာ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် ကြက် သွန်နီပိုမို တင်ပို့လာတာတွေ့ရပါ တယ်။
မြန်မာ-ထိုင်း နယ်စပ်မှာ ကြက် သွန်နီ တစ်တန်ကို ဒေါ်လာ ၃၀၀-၄၀၀ ကြားဈေးရရှိပြီး မြန်မာ-တရုတ်နယ် စပ်မှာတော့ တစ်တန်ကို ယခင်က ၁၅၀ ဒေါ်လာမှ ယခု ဒေါ်လာ၂၁၀ထိဈေးရရှိတယ်လို့သိရပါတယ်။ မြန်မာပြည်က ထွက်တဲ့ ကြက်သွန်နီဟာ အရည်အသွေး ပိုကောင်းပြီး ဝယ်လိုအားများလာတာ ကြောင့် ယခုလို နယ်စပ်စခန်းများမှ တစ်ဆင့်   တင်ပို့လာနိုင်တာ   ဖြစ်ပါ တယ်။    
မော်မော်အောင် MIRT (DCCA)