Main menu

Background

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပဲမျိုးစုံကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်စေရေးနှင့် အိန္ဒိယဈေးကွက်သို့ ပဲမျိုးစုံတိုးမြှင့်တင်ပို့ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Wed, 03/11/2015 - 20:45 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး   ဆပ်ကော်မတီ စီစဉ်မှုဖြင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့  ပဲမျိုးစုံကုန်သွယ်မှုဖွံ့ဖြိုးတိုး တက်စေရေးနှင့် အိန္ဒိယဈေးကွက်သို့ ပဲမျိုး စုံ တိုးမြှင့်တင်ပို့ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ် ၅ ရက်က UMFCCI မင်္ဂလာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အိန္ဒိယနိုင်ငံသို့ တင်ပို့ကုန်သွယ်နေပြီး မြန်မာ နိုင်ငံတွင်လည်း အိန္ဒိယနိုင်ငံ ကုမ္ပဏီများမှ ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားရှိပြီး မြန်မာ့ပဲများ အား စဉ်ဆက်မပြတ် ဝယ်ယူလျက်ရှိရာတွင် ရောင်းသူနှင့် ဝယ်သူတို့  ကတိကဝတ် ပျက် ကွက်ခြင်း၊ ငွေပေးချေမှု စနစ်ခိုင်မာမှုမရှိသည့် အတွက် အငြင်းပွားမှုများ မကြာခဏ ဖြစ်ပေါ် နေခြင်း၊ အလေးချိန်   လျော့နည်းခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ရေရှည်ခိုင်မာသည့် စနစ်တစ်ရပ်   တည်ဆောက်နိုင်ရန် အတွက် အိန္ဒိယနိုင်ငံ  (OATAM)နှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်  နှမ်းကုန်သည်များအသင်းတို့မှ ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဖြေ  ရှင်းနိုင်မည့် နည်းလမ်းများအား အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့     ကုန်သွယ်မှု ကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေး   ဆပ်ကော်မတီ အတွင်းရေးမှူး၊  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊   ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး နှင့် ဌာနဆိုင်ရာအသီးသီးမှ    ဆပ်ကော်မတီဝင် များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်များ၊    ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌနှင့်  အလုပ်အမှုဆောင်များ၊ ကုန်ပစ္စည်း စစ်ဆေးရေး   ကုမ္ပဏီများ၊ ဆိပ်ကမ်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့် ဘဏ်များမှ   တာဝန်ရှိသူများ၊ Oversea Agro Traders Association of Myanmar (OATAM)  မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့   တက်ရောက်လာကြသူ များက   ပဲမျိုးစုံနှင့် ပြောင်း၊ နှမ်းတို့အား ကြို တင်ငွေပေးချေရာတွင် လုံခြုံစိတ်ချရမည့် အစီ အစဉ်၊ ကုန်ပစ္စည်းများ ရောင်းချဝယ်ယူရာတွင်   စံ သတ်မှတ်ထားသော စာချုပ်စနစ် ကျင့်သုံး ရေး၊ တင်ပို့သည့် ကုန်ပစ္စည်းများ အလေးချိန် မှန်ကန်ရေးနှင့် ပြည်ပဝယ်ယူသူများအနေဖြင့် ပြည်တွင်းအမည်ခံများမှတစ်ဆင့်  နည်းလမ်း   မျိုးစုံ အသုံးပြု၍ ကြိုတင်ဝယ်ယူနေခြင်းအတွက် ဈေးကွက်တွင်   မလိုလားအပ်သော ပြဿနာ များ   မဖြစ်ပေါ်စေရေး  စီမံဆောင်ရွက်မည့် နည်းလမ်းများအား အုပ်စုခွဲ၍  ဆွေးနွေးခဲ့ကြပြီး အကောင်းဆုံးဆောင်ရွက်နိုင်မည့် နည်းလမ်း များအား ဖော်ထုတ်ရရှိခဲ့ကြောင်း  သတင်းရရှိ ပါသည်။                                   
DOTP (YGN)