Main menu

Background

တောင်သူလည်းမော် စားသုံးသူလည်းပျော်

Tue, 04/07/2015 - 20:04 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

 

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံရှိပြည်သူအများစုသည်
ကျန်းမာရေးအသိပညာဗဟုသုတ နည်းပါးလို့လား၊ ကျန်းမာရေးအသိ ပညာဗဟုသုတရှိသော်လည်း အခြေအနေ၊ အချိန်အခါနှင့် အကြောင်း အမျိုး မျိုးကြောင့် မိမိ၏ကျန်းမာရေးကို အပြည့်အဝမစောင့်ရှောက် နိုင်လို့လားမသိ။ လူအတော်များများသည် ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ခံစားနေကြရသည်ကို နေ့စဉ်နှင့်အမျှ ကြားသိ မြင်တွေ့နေရ ပေသည်။
ဆိုလိုတာကတော့ ပြည်သူအများစုသည် မိမိတို့၏ စား၊ ဝတ်၊ နေရေးကိုသာ အချိန်ပြည့်နီးပါး လုံးပမ်းနေရသဖြင့် ကျန်းမာရေး ဆိုင်ရာ အသိပညာ၊ ဗဟုသုတများအား ရုပ်မြင်သံကြားမှထုတ်လွှင့် မှုအစီအစဉ်များကို မကြည့်ရှုနိုင်ကြခြင်း၊ ဂျာနယ်၊ စာစောင်၊ စာအုပ် များတွင် ဖတ်ရှုလေ့လာမှုမရှိခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ကျန်းမာရေး နှင့်သက်ဆိုင်သည့် တွေ့ကြုံခံစားရမှုများကိုဖလှယ်နိုင်မှုမရှိခြင်းတို့ ကြောင့် ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများအားနည်းလာ ပြီး မိမိနှင့် မိမိတို့မိသားစုများ၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့် ရှောက်နိုင်မှုမရှိဘဲ ရောဂါဘယများကိုခံစားနေကြရပေသည်။ အချို့ သောပြည်သူများမှာ ကျန်းမာရေးအသိပညာ ဗဟုသုတရှိသော်လည်း မိသားစုနှင့်အတူတကွနေထိုင်ရခြင်းမရှိဘဲ တစ်ဦးတစ်ယောက်တည်း နေထိုင်ကာ အခြားတစ်နေရာတွင် ဝင်ငွေရရှိနိုင်ရေးရှာဖွေရခြင်း၊ တာဝန်ထမ်းဆောင်နေရခြင်းတို့ကြောင့် အသင့်စား အစားအစာများ(Ready Made) ကိုသာ အလေးထားပြီးစားသုံးနေရခြင်း၊ အချို့မှာ လည်း မိမိတို့ မိသားစု၏ ဝင်ငွေနှင့်ထွက်ငွေအချိုးအစားအရ ကျန်းမာရေး နှင့်မကိုက်ညီမှန်းသိသော်လည်း ဈေးပေါပေါနှင့် အရည်အသွေး မပြည့်မီ၊ အာဟာရမပြည့်ဝသည့် အစားအစာများကိုသာ မလွှဲမရှောင် သာ စားသုံးနေရခြင်းတို့ကြောင့် ရောဂါတစ်မျိုးမဟုတ် တစ်မျိုးခံ စားနေ ကြရပေသည်။
သို့သော် ဌာနဆိုင်ရာအသီးသီးနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်း(NGO)  တို့မှလည်း ပြည်သူများ တစ်နည်းဆိုရသော် စားသုံး သူများကို ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်း သည့် အစားအစာများ ဝယ်ယူစားသုံးနိုင်ရေး၊ လုံခြုံစိတ်ချရမှုရှိသည့် ထုတ်ကုန်များ ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် အသိပညာပေး ဟောပြော ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြားစသည့် မီဒီယာများမှတစ်ဆင့် စားသုံးသူပြည်သူများကို အသိပညာပေးခြင်း၊ သတိပေးကြေညာ ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်ကိုတွေ့မြင်ကြားသိနေရပေသည်။
ထိုကဲ့သို့ဆောင်ရွက်မှုများအနက် ထူးလည်းထူးခြား၊ ဝမ်းလည်း ဝမ်းမြောက်စရာဖြစ်သည့် ကြေညာ ချက်တစ်ခုကို လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာများတွင် ထည့် သွင်း ကြေညာခဲ့သည်ကို မကြာသေးမီကဖတ်ရှုခဲ့ရပေသည်။ အဆိုပါ ကြေညာချက်တွင် -
တောင်သူလယ်သမားကြီးများသုံးစွဲနေသော ဓာတ်မြေသြဇာ၊ ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများတွင် အညွှန်းစာများအား ဓာတ်မြေသြဇာဥပဒေပုဒ်မ(၃၁)အရလည်းကောင်း၊ ပိုးသတ်ဆေး ဥပဒေပုဒ်မ (၃၄)အရလည်းကောင်း၊ တောင်သူလယ်သမားများ နား လည်လွယ်သော မြန်မာစာ စာသားများဖြင့် ရေးသားဖော်ပြပေးရန် သတ်မှတ်ပြဋ္ဌာန်းထားရှိပါသည်။
အချို့ကုမ္ပဏီများမှာ ဓာတ်မြေသြဇာကော်မတီနှင့် ပိုးသတ် ဆေးကော်မတီများတွင် မှတ်ပုံတင်ပြီးဖြစ်သော်လည်း တင်သွင်းနေ သော ဓာတ်မြေသြဇာ၊ ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများတွင် မူရင်းနိုင်ငံခြားဘာသာ စာသားများအတိုင်းသာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
အချို့ကုမ္ပဏီများမှာမူ မြေသြဇာကော်မတီနှင့် ပိုးသတ်ဆေး ကော်မတီများတွင် မှတ်ပုံတင်ထားခြင်း မရှိသေးသည်ကို စစ်ဆေး တွေ့ရှိရပါသည်။
မှတ်ပုံတင်ပြီးဖြစ်သော်လည်း မြန်မာစာ စာသားဖြင့် ရေးသား ဖော်ပြထားခြင်းမရှိသော ဓာတ်မြေသြဇာ၊ ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများအား ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက မှတ်ပုံ တင်ခြင်း ဖျက်သိမ်းမည်ဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိသေးသော ဓာတ်မြေသြဇာ၊ ရွက်ဖျန်း မြေသြဇာနှင့် ပိုးသတ်ဆေးများအား ရောင်း ချခြင်းကို စစ်ဆေးတွေ့ရှိပါက ဓာတ်မြေသြဇာ ဥပဒေပုဒ်မ(၃၆)အရ လည်းကောင်း၊ ပိုးသတ်ဆေးဥပဒေပုဒ်မ(၄၃)အရလည်းကောင်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည် ဟုဖော်ပြထားပါသည်။
၎င်းင်းကြေညာချက်သည် တောင်သူများအတွက် တိုက်ရိုက် အကျိုးရှိပြီး မော်ကြွားနိုင်သလို စားသုံးသူ ပြည်သူများအတွက်လည်း ပျော်ရွှင်စရာ သတင်းကောင်းတစ်ခုဖြစ်ပေသည်။ အဆိုပါကြေညာ ချက်၏ ရလဒ်ကြောင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် ၎င်းင်းတို့စိုက်ပျိုးထုတ်လုပ်သည့် ဆန်စပါး၊ ကောက်ပဲသီးနှံ၊ သစ်သီး ဝလံ၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးရာတွင် အသုံးပြုသည့် ဓာတ်မြေ သြဇာ၊ ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများသည် နိုင်ငံတော်တွင် တရားဝင်မှတ်ပုံတင်ထားသည့် ပစ္စည်းများဖြစ်သဖြင့် စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစွာ အသုံးပြုနိုင်သည့် အခွင့်အရေးများ ရရှိလာ နိုင်ခြင်း၊ ယခင်က အဆိုပါပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့ နားလည်တတ်ကျွမ်းသလောက်သာ အသုံးပြုခဲ့ရ သော်လည်း ယခု အခါ အဆိုပါပစ္စည်းများကို မည်ကဲ့သို့ကိုင်တွယ်ရမည်၊ မည်သည့်  အချိုးအစားထည့်သွင်း အသုံးပြုရမည်၊ မည်သည့်အချိန်အခါတွင် မည်ကဲ့သို့သုံးစွဲရမည်ဆိုသည့် အညွှန်းစာသားများကို မြန်မာဘာသာ ဖြင့် လွယ်လင့်တကူဖတ်ရှုအသုံးပြုလာနိုင်ခြင်းတို့ကြောင့် အဆိုပါ ပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်မည့်အပြင် မိမိတို့ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ အထွက်တိုးပြီး မော်ကြွားနိုင်မည့် အခြေအနေသို့ရောက်ရှိလာမည်ဖြစ်ပေသည်။
ထို့ပြင် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့်လည်း ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှပြဋ္ဌာန်း ခဲ့သည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၆ ၊ ပုဒ်မခွဲ(က) ၌ ပါရှိသည့်  ဓကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးဥပဒ်အန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်နိုင်ခြင်းနှင့် ဝန်ခံကတိပြုထားသော တန်ဖိုး၊ စည်းကမ်းချက် များ၊ အာမခံမှုတို့နှင့်အညီရယူနိုင်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင် မှု၏ အခြေအနေ၊ အာမခံချက်တို့နှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များကို ပြည့်စုံမှန်ကန်စွာရယူခွင့်ရှိခြင်းဓဆိုသည့် စားသုံးသူ ၏ အခွင့်အရေးများအတိုင်း မိမိတို့စိတ်တိုင်းကျသည့် ဓာတ်မြေသြဇာ၊ ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများကို ဝယ်ယူအသုံးပြုနိုင်တော့ မည်ဖြစ်ပေသည်။ သို့သော် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေ ဖြင့် အဆိုပါ ဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ(ခ) ၌ ပါရှိသည့် ဓဘေးဥပဒ် အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ဖော်ပြထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်နှင့် လမ်းညွှန် ချက်များကို လိုက်နာဆောင်ရွက်ခြင်းဓ ဆိုသည့် စားသုံးသူ၏တာဝန် များနှင့်အညီ မိမိတို့ဝယ်ယူအသုံးပြုမည့် ဓာတ်မြေသြဇာ၊ ရွက်ဖျန်း မြေသြဇာနှင့် ပိုးသတ်ဆေးဗူး၊ ဆေးထုတ်၊ ဆေးအိတ်များတွင်ပါရှိသည့် အညွှန်းများကို တိကျစွာလိုက်နာအတည်ပြုသွားရန်လိုအပ်မည်ဖြစ် ပေသည်။
ထို့အတူ စားသုံးသူပြည်သူများဘက်မှကြည့်သည့်အခါ စိုက်ပျိုးထုတ်လုပ်သူတောင်သူအများစုအနေဖြင့် ယခင်က ဓာတ်မြေ သြဇာ၊ ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများ၏ အသုံးပြုပုံများကို တိတိကျကျ မသိရှိဘဲ စိုက်ပျိုးထုတ်လုပ်ခဲ့ကြသဖြင့် အနည်းနှင့်အများ ပိုးသတ်ဆေး/ကင်းပါသည့် ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ဝယ်ယူစားသုံးခဲ့ကြရသော်လည်း နောက်ပိုင်းတွင် ပိုးသတ်ဆေး/ကင်း ကင်းစင်သည့် ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ယုံကြည်စိတ်ချ စွာ ဝယ်ယူစားသုံးနိုင်ကြတော့မည်ဖြစ်သဖြင့် ပျော်ရွှင်မှုကို ခံစားရ တော့မည် ဖြစ်ပေသည်။
စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းစင်သည့် စားသောက်ကုန်များကို ဝယ်ယူသုံးစွဲနိုင်ရေးမှာ ( Farm to Table ) စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသည့် ထမင်းစားပွဲရောက်သည်အထိ ဖြစ်စဉ်အဆင့်ဆင့် ဖြစ်သည့် စိုက်ပျိုးသည့်နေရာ၊ စိုက်ပျိုးသည့်နည်း စနစ်၊ သယ်ယူပို့ဆောင်မှု၊ သိုလှောင်သည့်နေရာ၊ ဖြန့်ဖြူးသည့် နေရာ၊ ရောင်းချသည့်နေရာ၊ ချက်ပြုတ်သည့်နေရာ၊ စားသုံးသည့်နေရာ စသည့်နေရာအားလုံးတို့ ဟန်ချက်ညီရန် လိုအပ်သကဲ့သို့ အဓိက ကျသည့် စတင်စိုက်ပျိုးထုတ်လုပ်သည့်နေရာတွင် သုံးစွဲရမည့် ဓာတ် မြေသြဇာ၊ ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများကို လယ်ယာစိုက် ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ယခုကဲ့သို့ ထုတ်ပြန်ကြေညာ လိုက်သဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအတွက် တန်ဖိုး မဖြတ်နိုင်သည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ပြီး မော်ကြွားနိုင်ကြတော့ မည့်အပြင်  စားသုံးသူပြည်သူများအနေဖြင့်လည်း ဘေးအန္တရာယ် ကင်းရှင်းသည့် ဆန်စပါး၊ ကောက်ပဲသီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်များကို ဝယ်သူသုံးစွဲနိုင်မည်ဖြစ်သဖြင့် ပျော်နိုင်ကြတော့ မည်ဖြစ်ပေသည်။
ထို့အတူ စားသုံးသူပြည်သူများအနေဖြင့် အဆိုပါ ဓာတ်မြေ သြဇာ၊ ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများနည်းတူ အခြား စားသောက်ကုန်၊ လူသုံးကုန်၊ ကုန်စည်နှင့် ဆေးဝါးများတွင်ပါ မြန်မာ ဘာသာဖြင့် အညွှန်းများပါရှိမည်ဆိုပါက စံချိန်စံညွှန်း အရည်အသွေး ပြည့်မီသည်များကို ဝယ်ယူသုံးစွဲနိုင်  ခြင်း၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်း စွာ သုံးစွဲနိုင်သည့် အခွင့်အရေးများရရှိလာနိုင်ခြင်းတို့ကြောင့် ထာဝရ ပျော်ရွှင်မှုများ ရရှိလာနိုင်မည်ဟု မျှော်လင့်ယုံကြည်မိပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။