Main menu

Background

နွေစပါးများ အထွက်နှုန်းကောင်း၍ အကျိုးအမြတ်များဖြစ်ထွန်း

Mon, 09/11/2023 - 10:32 -- journal_editor

ပြည်ခရိုင်ရှိ နွေစပါးများမှာ ယခုစက်တင်ဘာလဆန်းတွင် ၁၅၁၀ဝ၀ဝကျပ်ဖြင့် ဈေးငြိမ်နေပြီး ဆန်ဈေးများမှာ ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိသည်။  နွေစပါးဈေးများမှာ   ယခင်နှစ်ဖြစ်သော  ၂၀၂၂ ခုနှစ်  စက်တင်ဘာလတွင် ကျပ် ၁၁၀ဝ၀ဝ၀၊ ဆန်တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။ 
နွေစပါးအမျိုးအစားများမှာ ရတနာတိုးစပါးများကိုသာ အဓိကထား စိုက်ပျိုးပြီးGW-11 ၊ ထိုင်းနှံကောက်မျိုးများကိုတော့ အနည်းငယ်သာစိုက်ပျိုးသည်။ နွေစပါးမှာ မိုးစပါးထက်အထွက်နှုန်း ကောင်းသောကြောင့် ဆည်ရေရသော နေရာများတွင် နွေစပါးကို တောင်သူများအားထား၍ ပိုမိုစိုက်ပျိုးကြသည်။ အထွက်ကောင်းသောကြောင့် အကျိုးအမြတ် ပိုမိုရရှိပြီး စပါး/ဆန် မှာ အရောင်းအဝယ်အေးနေသောကြောင့် ယခုကာလအတွင်း ဈေးငြိမ်နေခြင်းဖြစ်သည်။                  

 လွင်လွင်ဆန်း (ပြည်)