Main menu

Background

ပြည်ပဲတီစိမ်းဈေးအမြင့်နဲ့ လက်ကျန်ပြတ်

Wed, 02/18/2015 - 21:12 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

      ယခုတစ်ပတ် ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းအဝင်မရှိ တော့သလို   ပဲလက်ကျန်လည်း  မရှိသလောက်ဖြစ်ခဲ့လို့ အရောင်းအဝယ်ပါးသွားပြီလို့ သိရပါတယ်။
ပဲတစ်တင်း ၃၃၀၀၀ ကျပ်နဲ့  လက်ကျန်ပြတ်သွားပြီး ယခုနှစ်   ဈေးနှုန်းမှာ ယခင်နှစ်လိုပဲ   ဈေးကောင်းရခဲ့တဲ့ အတွက်  ပဲစိုက်တောင်သူများ ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိခဲ့တယ်လို့သိရပြီး ယခင်နှစ်ကလည်း ပဲတစ်တင်း ၃၁၀၀၀ ကျပ် ပတ်လည်ရရှိခဲ့သလို ဖေဖော်ဝါရီလဆန်းမှာ လက်ကျန် ပြတ်သွားခဲ့ပါတယ်။
ပဲတီစိမ်းသီးနှံအား မန္တလေးဝယ်လက်မှ ထွက်ရှိလာ သမျှ ဝယ်ယူကြပြီး သီးနှံပေါ်ချိန်တွင်သာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး မတ်ပဲကဲ့သို့ တစ်နှစ်တာလုံး အရောင်းအဝယ်ဖြစ်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ခင်ဆွေဝင်း-ပြည်