Main menu

Background

၂၀၁၄ခုနှစ်အတွက် ကုလားပဲဖြူလုံးကြီး ဈေးသုံးသပ်ချက်

Thu, 02/19/2015 - 19:14 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

       မြန်မာနိုင်ငံ၏ ရေမြေသဘာဝအခြေခံအရ မြန်မာနိုင်ငံ အလယ်ပိုင်းမိုးနည်း ရပ်ဝန်းဒေသတွင် ကုလားပဲကို ဆောင်းရာသီ ကာလအတွင်း စိုက်ပျိုးကြသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၏ ၂၀၁၂-၂၀၁၃ ခုနှစ်စာရင်းများအရ တစ်နိုင်ငံ လုံးအတိုင်းအတာအရ ကုလားပဲစုစုပေါင်းစိုက်ဧကမှာ ၈ ဒသမ ၉၄ သိန်းရှိသည်ဟုခန့်မှန်းထားပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်း ရပ်ဝန်းဒေသတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ဧက ၄ ဒသမ ၄ သိန်း ကျော်၊ မကွေးတိုင်းဒေသကြီးမှ ဧက ၂ဒသမ ၁ သိန်းကျော်နှင့် မန္တလေးတိုင်းဒေသကြီးမှ ဧက ၂သိန်းကျော် ၊ စုစုပေါင်းဧက ၈ ဒသမ ၆ သိန်းကျော်စိုက်ပျိုးသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအပေါ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသသည် ၉၆ ရာခိုင်နှုန်းထိ ပါဝင်လျက်ရှိသည်။ ပြည်တွင်းပဲခွဲစက်များမှ ကုလားပဲဖြူလုံးကြီးကိုဝယ်အားရှိသည့်အပြင် ကုလားပဲခွဲခြမ်း၊ ကုလားပဲမှုန့်ကိုစားသုံးသူများ မှ ဝယ်အားရှိကြသည်။ ပြည်ပတင်ပို့ရောင်းချသူများကလည်း ကုလားပဲ ဖြူလုံးကြီးကို ဝယ်အားရှိကြသည်။
ပြည်ပသို့တင်ပို့မှု။ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကုလားပဲဖြူလုံးကြီးကို ပြည်ပပို့ကုန်အဖြစ် တန်ချိန် ၄၆၉၀၇ တင်ပို့ခဲ့ ပြီး ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၄ ဒသမ ၃၈၈ သန်းရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရသိရှိရသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် ပဲမျိုးစုံအများဆုံးထုတ်လုပ်ပြီး၊ ပြည်ပမှ ပဲမျိုးစုံ အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်သည်။ ဒီဇင်ဘာ လ၂၆ ရက်နေ့ အိန္ဒိယအစိုးရက ထုတ်ပြန်သည့် အချက်အလက်များ အရ အိန္ဒိယနိုင်ငံ သည် ကုလားပဲစိုက်ဧက ၇ ဒသမ ၇၈ ဟက်တာ သန်းပေါင်းရှိပြီး ပြီးခဲ့သည့်နှစ်က ဟက်တာသန်းပေါင်း  ၉ ဒသမ ၀၆ ရှိခဲ့သည်။ ကုလားပဲစိုက်ဧရိယာကျဆင်းလာသဖြင့် ပြည်ပမှ ကုလားပဲ တင်သွင်းခွန် ကင်းလွတ် ခွင့်ကိုလာမည့် မတ်လကုန်ထိ တိုးချဲ့ထား သည်ဟု အိန္ဒိယအစိုးရက ကြေညာဖော်ပြထားသည်။
ပုံ-၁။ ကုလားပဲကူးသန်းရောင်းဝယ်စီးဆင်းမှု (Trade flow)

       ပုံ-၁ တွင်ဖော်ပြသည့်အတိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းမိုးနည်း ရပ်ဝန်းဒေသသည် ကုလားပဲအဓိက စိုက်ပျိုးထွက်ရှိသည့်ဒေသဖြစ် သည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ကုလားပဲကို ရန်ကုန်မြို့သို့ သယ်ယူပြီး ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့ တင်ပို့ရောင်းချကြ သည်။
ထို့အပြင် ပြည်တွင်းဈေးကွက်တွင် ကုလားပဲခွဲခြမ်း၊ ကုလားပဲ မှုန့်ကို စားသုံးသူများဝယ်အားရှိသဖြင့် ကုလားပဲခွဲခြမ်းစက်များသည် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသည့် အလတ်စား၊ အသေးစား စက်မှုလုပ်ငန်းများဖြစ်ကြသည်။  
မန္တလေးကုလားပဲဖြူလုံးကြီးဈေးကို၊ ၅-နှစ် ပျမ်းမျှ ကုလားပဲ ဖြူလုံးကြီး လအလိုက်ပျမ်းမျှဈေးအဖြစ် တွက်ချက်ပြီးလည်းကောင်း၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် လအလိုက်ပျမ်းမျှဈေးအဖြစ် တွက်ချက် ၍လည်းကောင်း ယှဉ်တွဲဖော်ပြထားပါသည်။
၂၀၁၄ ခုနှစ် မန္တလေး ကုလားပဲဖြူလုံးကြီးဈေးသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် လ အလိုက် ပျမ်းမျှဈေးအောက်တွင် ရောက်ရှိသည့်အပြင် ၅-နှစ် ပျမ်းမျှကုလားပဲ ဖြူလုံးကြီးလအလိုက် ပျမ်းမျှဈေးအောက်သို့ပါ ရောက်ရှိသွားခဲ့သည့် အတွက် ၂၀၁၄ ခုနှစ် မန္တလေးကုလားပဲဖြူလုံးကြီး ဈေးသည် အခြေ အနေမကောင်းဟု ပြောဆိုဖော်ညွှန်းရမည်ဖြစ်ပါ သည်။
ပုံ-၂။ မန္တလေးတွင် ၅-နှစ်ပျမ်းမျှကုလားပဲဖြူလုံးကြီးလအလိုက် ပျမ်းမျှဈေး၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်လအလိုက်ပျမ်းမျှဈေး

တစ်နှစ်ပတ်လုံးပျမ်းမျှအခြေအနေကိုစိစစ်ပါက မန္တလေး ကုလားပဲဖြူလုံးကြီး ဈေးသည် ၂၀၁၄ ခုနှစ်တွင် တစ်တန်ကို ၄၇၃ ကန်ဒေါ်လာရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တစ်တန်ကို ၅၉၃ ဒေါ်လာရှိခဲ့ သောကြောင့်  မန္တလေးကုလားပဲဖြူလုံးကြီး ၂၀၁၄ ခုနှစ်ဈေးသည် ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းဈေးလျော့နည်းသွား သည်ကို စိစစ်တွေ့ရှိရသည်။ လအလိုက် မန္တလေးကုလားပဲဖြူလုံးကြီး ဈေး ပြောင်းလဲမှုကို ၁၂-ာသညအ့ ာသလငညါ လေနမေါန စမငခန နှင့် ယှဉ်တွဲ၍ ပုံ-၃ တွင် ရေးဆွဲဖော်ပြထားပါ သည်။ ၁၂-ာသညအ့ ာသလငညါ လေနမေါန စမငခန အရ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ မန္တလေးကုလားပဲဖြူလုံးကြီး ဆက်တိုက် ဈေးမြင့်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ မန္တလေး ကုလားပဲဖြူလုံးကြီးဈေးသည် အကျဘက်သို့ ဦးတည်သွားခဲ့သည်။

ပုံ-၃။ မန္တလေးကုလားပဲဖြူလုံးကြီးလအလိုက် ပျှမ်းမျှဈေး ပြောင်းလဲမှု ၆-နှစ် ပျမ်းမျှ ကုလားပဲဖြူလုံးကြီးဈေးနှင့် (12-month moving average price )(၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ)

ဇာစ်မြစ်။   www.etrademyanmar.com

၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့သည် ၆ နှစ် ပျမ်းမျှဈေးအောက်သို့ ရောက်ရှိလာကြောင်း စိစစ်တွေ့ရှိရပါသည်။ တစ်နည်းအားဖြင့် ကုလားပဲဖြူလုံးကြီး ဈေးသိသာစွာကျဆင်းလာခဲ့ သည့် အခြေအနေဖြစ်ပါသည်။ ပုံ-၃ ကိုကြည့်ရှုရန် ဖြစ်ပါသည်။
ပုံ-၄။ နှစ်အလိုက်မန္တလေးကုလားပဲဖြူလုံးကြီး ပျမ်းမျှဈေး ပြောင်းလဲမှု(၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ)

ဇယား-၁။ မန္တလေးကုလားပဲဖြူလုံးကြီး လအလိုက်ပျမ်းမျှဈေး (၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ခုနှစ်)

နှစ်အလိုက်မန္တလေးကုလားပဲဖြူလုံးကြီးဈေးကို လေ့လာပါက ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ သုံးနှစ်ဆက်တိုက်ဈေးမြင့်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ သုံးနှစ် ဆက်တိုက်ဈေးကျလာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်းထိဈေးကျ လာခဲ့သည်။ ရောင်းဝယ်သူများက ကုလားပဲတွင် ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါလုံးကြီး၊ ကုလားပဲဟော်လန်ဟူ၍ ခွဲခြားရောင်းဝယ်ကြ သည်။ ကုလားပဲတွင် ကုလားပဲဖြူလုံးကြီးသည် အခြားကုလားပဲများ ထက်ဈေးမြင့်လေ့ရှိသည်။
ဇယား-၂။ ကုန်စည်ဒိုင်အလိုက်ကုလားပဲအမျိုးအစားအလိုက် အရောင်း အဝယ်ဖြစ်သောဈေး

လက်ရှိအခြေအနေတွင် ပဲတီစိမ်းသည် ဈေးအမြင့်ဆုံးဖြစ်ပြီး ကုလားပဲသည် ဈေးအနိမ့်ဆုံးဖြစ်သည်။ မတ်ပဲ၊ ပဲစင်းငုံအနီသည် ကုလားပဲထက်ဈေးပိုမြင့်သည်။ပုံ-၅ ကိုကြည့်ရှုရန်ဖြစ်ပါသည်။
ပုံ-၅။ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံအနီနှင့် ကုလားပဲတစ်နှစ်ပတ်လုံး ပျမ်းမျှဈေး နှိုင်းယှဉ်ချက် (၂၀၁၄ ခုနှစ်)