Main menu

Background

ပြည်စျေးကွက်သို့ ကြက်သွန်နီ၀င်ရောက်မှုနည်း

Wed, 10/21/2020 - 15:18 -- journal_editor

ယခုအောက်တိုဘာလတတိယပတ်၌ ပြည်စျေးကွက်သို့ ဆိပ်ဖြူဘက်မှ ကြက်သွန်နီများပိဿာ ၃၀  ၀င်အိတ် ၁၅၀-၂၀၀ ခန့်ကို ရက်ခြားအ၀င်ရှိသော်လည်း အောင်လံ၊ သရက်ဘက်မှ ကြက်သွန်နီများမှာအိတ် ၃၀-၅၀ ခန့်သာ ၀င်ရောက်မှုရှိနေကြောင်းသိရပါသည်။ အရောင်းအ၀ယ်မှာ စားသုံးသူများမှ COVID-19 ကာလအတွင်းလိုအပ်သလောက်ကိုသာ ၀ယ်ယူစားသုံးမှုကြောင့် ရောင်း၀ယ်မှုမှာအေးနေပြီး၀င်ရောက်မှုရဲ့ ငါးပုံတစ်ပုံခန့်သာ အရောင်းအ၀ယ်ဖြစ်ကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေး တစ်ပိဿာ လျှင် (ကြီး/လတ်/သေး)ကျပ် ၁၁၀၀/၁၀၅၀-၁၀၀၀/၉၅၀-၉၀၀ နှုန်းတို့ရှိပြီးလက်လီစျေးအသေးများတွင်ကျပ် ၁၄၀၀-၁၃၀၀/၁၂၀၀/၁၁၀၀ စတဲ့နှုန်းများဖြင့် ရောင်း၀ယ်မှုရှိနေကြောင်းသိရပါသည်။

၀င်းလဲ့ဝါ (ပြည်)