Main menu

Background

နှမ်းနီနှင့်နှမ်းနက်စျေးမြင့်ပြီးစမုံနက်နှမ်းစျေးငြိမ်နေတဲ့ ပြည်စျေးကွက်

Wed, 10/21/2020 - 15:20 -- journal_editor

ပြည်စျေးကွက်တွင် ယခုအပတ်၌ ယခင်အပတ်ထက်စာလျှင် နှမ်းနီနှင့် နှမ်းနက်မှာစျေး အနည်းငယ် ပြန်ကျလာပြီးစမုံနက်နှမ်းမှာစျေးငြိမ်နေတာတွေ့ရပါတယ်။ မြန်အောင်၊ မိုးညိုနှင့် နတ်တလင်းဘက်မှ နေ့စဉ်အ၀င်မရှိပေမယ့် ရက်ခြား၀င်ရောက်မှုရှိပြီး တစ်ခါ၀င်ရောက်လျှင် ၂၅ ပိဿာ၀င်အိတ် ၇၀၀-၈၀၀ ခန့်၀င်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ၀င်ရောက်လာတဲ့နှမ်းတွေထဲမှာ နှမ်းနက်ကအများဆုံးဖြစ်ပြီးနှမ်းနီမှာ အနည်းအကျဉ်းသာအ၀င်ရှိပြီး ဒေသတွင်းဆီစက်သမားများကနှမ်းနီကိုဆီကြိတ်ရန်မလောက်လျှင် အောင်လံ ဘက်မှ ပြန်လည်အ၀ယ်ရှိတာတွေ့ရပါတယ်။ နှမ်းနက်နှင့် စမုံနက်နှမ်းကို မန္တလေး၀ယ်လက်များက ရက်ခြား အ၀ယ်ရှိပြီး အ၀ယ်ရှိတဲ့ ရက်ဆိုလျှင် အိတ် ၁၀၀၀ ကျော် အ၀ယ်ရှိတာတွေ့ရပါတယ်။ ယခုအပတ် နှမ်းစျေးများမှာနှမ်းနီ (၃)တင်း၀င်တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်၊ နှမ်းနက် (၃)တင်း၀င်တစ်အိတ်လျှင် ၁၆၅၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း၀င်တစ်အိတ်လျှင် ၂၀၅၀၀၀ ကျပ်ဖြင့် ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ဖြစ်လျှက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)