မကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲစဉ်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများအနည်းငယ် ကျဆင်းလျှက်ရှိပါသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ယခုအပတ် ၂၅.၁၁.၂၀၂၀ နေ့တွင် ပဲစဉ်းငုံ ၂၀ပိဿာတစ်တင်းလျှင်၂၅၀ဝ၀ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။
ယခင်၁၈.၁၁.၂၀၂၀နေ့တွင် ပဲစဉ်းငုံ ၂၀ပိဿာတစ်တင်း လျှင်၂၈ဝဝ၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ၁၈.၁၁.၂၀၂၀နေ့နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ ၂၀ပိဿာတစ်တင်းလျှင် ၃ဝဝ၀ကျပ်ဖြင့် ဈေးကျလျှက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။
လှမိုးခိုင်
(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)