Main menu

Background

တောင်ငူခရိုင် နွေစပါးနှင့် ပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းအခြေအနေ

Tue, 05/23/2023 - 11:41 -- journal_editor

နွေစပါး    
ပဲခူးတိုင်းဒေသကြီး  တောင်ငူ ခရိုင်  တောင်ငူမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နွေစပါး ၁၇၈၉၁ ဧက ရှိရာ အထွက်ကောင်းစပါးမျိုးများ ဖြစ်သော ထိုင်းနှံကောက်၊ နယူးဧရာ- ၁၂၊  ဆင်းသုခ၊ ရက် ၉၀ မျိုးများကို စိုက်ပျိုး ကြသည်။
ဇန်နဝါရီလတွင်   စိုက်ပျိုးထား သည့်  နွေစပါးများသည်   ယခုအခါ စတင်ရိတ်သိမ်းနေပြီဖြစ်သည်။ တောင်ငူ မြို့နယ် ကြံတောကျေး ရွာမှ တောင်သူ ဦးနိုင်ဦးသည်  ထိုင်းနှံကောက်စပါးများ ကို စိုက်ပျိုးထားရာ မေ ၁၀ ရက်က စတင်ရိတ်သိမ်းခဲ့ပြီး   အထွက်နှုန်းမှာ တင်း ၁၀ဝ ခန့် ထွက်ရှိကြောင်း သိရ သည်။
တောင်ငူမြို့နယ်တွင် ယခုနှစ် နွေစပါးအထွက်နှုန်းမှာ တစ်ဧက တင်း ၈၀ မှ ၉၅ တင်းအထိ  ထွက်ရှိနိုင်သည်ဟု သက်ဆိုင်ရာဌာနက ခန့်မှန်းထားသည်။ နွေစပါးပေါ်ခါစ ယခုအချိန် စပါးဈေး မှာ လယ်ကွင်းဈေး တင်း ၁၀ဝ လျှင် ကျပ် ၁၅၅၀ဝ၀ဝ၊ မြို့ပေါ် ဆန်စက် အရောက်ဈေးမှာ တင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀ရှိကြောင်း သိရသည်။

ပဲမျိုးစုံ    
တောင်ငူခရိုင်တွင်  တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း နှင့် ဖြူးမြို့နယ်များရှိသည်။ ယင်းမြို့ နယ်များတွင်  မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲလွမ်းဖြူများကို အများဆုံး စိုက်ပျိုး လျက်ရှိရာ    တောင်ငူခရိုင်တစ်ခုလုံး အနေဖြင့် မတ်ပဲ ၂၁၄၉၂၁ ဧက၊ ပဲတီ စိမ်း ၄၅၀၅၅ ဧကနှင့် ပဲလွမ်းဖြူ ၉၈၅၄ ဧက ရှိသည်။
သက်ဆိုင်ရာဌာနများ၏  မှတ် တမ်းများအရ မတ်ပဲတစ်ဧက အထွက် နှုန်းမှာ ၁၂ဒသမ၅၀ တင်း၊ ပဲတီစိမ်း ၁၄ ဒသမ၄၉ တင်းနှင့် ပဲလွမ်းဖြူ ၁၄ ဒသမ ၅၆ တင်းရှိကြောင်းသိရသည်။ တောင်ငူ ခရိုင်တွင် လူဦးရေ ၁၀၅၆၈၀ဝ ကျော် ရှိရာ  လက်ရှိအထွက်နှုန်းအရ မျိုး၊ အလေအလွင့်နှင့် ဒေသတွင်းစားသုံးမှု များကို   ချန်လှပ်လျှင်  မတ်ပဲ ၈၁၈၀ဝ တန်၊ ပဲတီစိမ်း ၁၇၈၀ဝ တန်နှင့် ပဲလွမ်း ဖြူ ၄၀ဝ၀ တန်ခန့် ပိုလျှံမည်ဖြစ်သည်။
တောင်ငူမြို့၏      လက်ရှိဒေသ ပေါက်ဈေးမှာ   မတ်ပဲ (တစ်တင်းခွဲ အိတ်)တစ်အိတ်လျှင် ကျပ် ၁၀၉၀ဝ၀ ၊ ပဲတီစိမ်း (တစ်တင်းခွဲအိတ်)တစ်အိတ် လျှင် ကျပ် ၈၅၀ဝ၀ နှင့် ပဲလွမ်းဖြူ (တစ် တင်းခွဲအိတ်)  တစ်အိတ်လျှင်   ကျပ် ၆၇၀ဝ၀ ရှိသည်။
တောင်သူအများစုမှာ  ထွက်ရှိ သောပဲများကို နီးစပ်ရာမြို့များရှိ ပွဲရုံ များသို့ ရောင်းချပြီး တောင်သူလယ် သမားကြီးအချို့မှာ ထွက်ရှိသောပဲများ ကို ခေတ္တသိုလှောင်၍  ဈေးမြင့်တက် သည့် အချိန်ကျမှ မြို့ကြီးများရှိ ပွဲရုံ ကြီးများသို့ တိုက်ရိုက်ရောင်းချကြောင်း၊ ပွဲရုံကြီးများမှ   ပဲများကို   သန့်စင်ပြီး ရန်ကုန်မြို့သို့  တင်ပို့ရောင်းချကြောင်း သိရသည်။                            

  မြင့်သူ၊ စောသန်းထိုက်ကျော် (တောင်ငူ)