Main menu

Background

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသော ပဲမျိုးစုံနှင့် ကြက်သွန်နီ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Mon, 06/05/2023 - 11:17 -- journal_editor

မေလကုန်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိ သော လယ်ယာထွက်ကုန်သီးနှံများထဲမှ ဂျုံဖြူသန့် ဈေးငြိမ်၍ ဃဏပြောင်း ဖူးစေ့နှင့် ပဲတီစိမ်းကြီး ဈေးနှုန်းကျဆင်းသွားပြီး ပဲတီစိမ်း သေး၊ ပဲစင်းငုံ၊ ပဲနီလုံးကျား၊ ပဲကြီး၊ မတ်ပဲ၊ ၉၂၉၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲ ဖြူလုံးကြီး ဈေးနှုန်းများ မြင့်တက်သွားသည်။ မေလကုန်တွင် သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၅၃၅၀ဝ၊ ပဲစင်းငုံ ကျပ် ၉၂၀ဝ၀၊ မတ်ပဲ  ကျပ် ၇၄၀ဝ၀၊ ပဲတီစိမ်း (ကြီး)  ကျပ် ၆၀ဝ၀ဝ-၄၅၀ဝ၀၊ ပဲတီစိမ်း(သေး)ကျပ် ၄၄၀ဝ၀၊ ပဲနီလုံးကျား ကျပ် ၅၀ဝ၀ဝ နှင့် ပဲကြီးတစ်တင်းလျှင်  ကျပ် ၉၁၀ဝ၀  ပေါက်ဈေးရှိသည်။ ယခင်လကုန်တွင် ကာလတူပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၅၃၅၀ဝ၊ ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀၊ မတ်ပဲ တစ်တင်းလျှင်  ကျပ် ၇၀ဝ၀ဝ၊ ပဲတီစိမ်း(ကြီး) ကျပ် ၆၈၀ဝ၀၊ ပဲတီစိမ်း(သေး) ကျပ် ၄၂၀ဝ၀၊ ပဲနီလုံးကျား တစ်တင်းလျှင်  ကျပ် ၄၅၀ဝ၀ နှင့် ပဲကြီးတစ်တင်းလျှင် ကျပ် ၈၇၀ဝ၀ ပေါက် ဈေးရှိ၍ ကာလတူနှင့်နှိုင်းယှဉ်ပါက ဂျုံဖြူသန့် ဈေးငြိမ်၍ ပဲတီစိမ်းကြီး တစ်တင်းလျှင်  ကျပ် ၈၀ဝ၀ နှုန်းကျဆင်းသွားပြီး၊ ပဲတီစိမ်းသေး တစ်တင်း လျှင် ကျပ် ၂၀ဝ၀၊ ပဲကြီးတစ်တင်းလျှင် ကျပ်  ၄၀ဝ၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၄၀ဝ၀ ၊ ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ နှင့် ပဲနီလုံးကျား တစ် တင်းလျှင် ကျပ် ၅၀ဝ၀ မြင့်တက်နေကြောင်း သိရသည်။ 
ကုလားပဲ(မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် ကျပ် ၈၄၅၀ဝ၊ ကုလားပဲဖြူလုံးသေး   ကျပ် ၈၄၅၀ဝ၊ ၉၂၉ တစ်တင်း လျှင် ကျပ် ၈၁၅၀ဝ ပေါက်ဈေးရှိပြီး ယခင်လကုန် ကာလတူ ပေါက်ဈေး နှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်  ကျပ် ၇၂၅၀ဝ၊ ကုလားပဲဖြူ လုံးသေး  ကျပ် ၇၂၀ဝ၀၊ ၉၂၉ တစ်တင်းလျှင် ကျပ် ၇၁၀ဝ၀  ပေါက်ဈေးရှိ၍ ယခင်လကုန် ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၉၂၉ တစ်တင်းလျှင် ကျပ် ၁၀၅၀ဝ၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် ကျပ် ၁၂၅၀ဝ နှင့် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ ဈေးနှုန်းများ မြင့်တက် သွားကြောင်း သိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ကျပ် ၁၉၇၀ဝ ပေါက်ဈေးရှိသည်။ ယခင်လကုန် ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူး စေ့ တစ်တင်းလျှင်  ကျပ် ၂၀၃၀ဝ ရှိ၍ ယခင်လကုန်နှင့်  နှိုင်းယှဉ်ပါက ဃဏပြောင်းဖူးစေ့ ဈေးအနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။
မေလနောက်ဆုံးပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံ သို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန်  ၂၀ဝ၀ဝ ခန့် ဝင်ရောက်လျက်ရှိသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှောက် တင်ပို့လျက်ရှိ ကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း  မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ  တစ်ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား(ကြီး) ကျပ် ၂၂၀ဝ-၂၁၀ဝ ၊ (လတ်) ကျပ် ၂၀ဝ၀-၁၈၅၀ ၊ (သေး) ကျပ် ၁၇၀ဝ-၁၄၀ဝ ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင် အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနေသည်။  ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) ကျပ် ၂၆၀ဝ- ၂၄၀ဝ၊ (လတ်) ကျပ် ၂၃၀ဝ-၂၀ဝ၀၊ (သေး) ကျပ် ၁၉၀ဝ- ၁၆၀ဝရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)ကျပ် ၈၀ဝ၀-၈၅၀ဝ၊ (ရှမ်းစ) ကျပ် ၆၅၀ဝ-၇၀ဝ၀၊ ကြူကုတ် ကျပ် ၅၅၀ဝ-၆၀ဝ၀ ဖြင့်  ပစ္စည်းအရည်အသွေးပေါ်  မူတည်ပြီး အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

 ဇေယျာကုန်သွယ်မှုဗဟိုဌာန