Main menu

Background

မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Mon, 06/05/2023 - 12:53 -- journal_editor

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ နတ်မောက်ဆည်၊ ပုလင်း ဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှရရှိသော စိုက်ပျိုးရေဖြင့် နွေစပါးကို စိုက်ပျိုးပြီး ပိုလျှံသောဆည်ရေသောက်ဖြင့် နွေနှမ်းများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။  ဆီထွက်သီးနှံကို နွေ၊ မိုး၊ ဆောင်းရာသီပတ်လုံး စိုက်ပျိုးကြကြောင်း၊ မြို့သစ်မြို့နယ်တွင်  စိုက်ပျိုးထားရှိသည့် နွေနှမ်းများမှာ နှမ်းနက်(ခေါ်)စမုံနက်နှမ်းမျိုးဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လ ဆန်းပိုင်းတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ မြို့သစ်မြို့နယ်တွင် ယခုနှစ် နွေနှမ်းစိုက်ဧက စုစုပေါင်း ၁၈၈၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁/ ၂၀၂၂ ကထက်  ၄၅၉ ဧကပိုမိုစိုက်ပျိုးလာနိုင်ခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကလည်း စိုက်ကွင်းထဲအရောက် သွားရောက်၍ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။                    

 

      ဆယ်မောင်