Main menu

Background

ကျောက်ပန်းတောင်းမြို့နယ်၏ နှမ်း၊ မြေပဲ ထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Mon, 08/14/2023 - 10:13 -- journal_editor

မန္တလေးတိုင်းဒေသကြီး     ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်  သည့် နှမ်းကို မိုးနှမ်း၊ နွေနှမ်း၊ ဆောင်းနှမ်းဟူ၍ စိုက်ပျိုးလေ့ရှိရာ မိုးနှမ်းကို အဓိကထားစိုက်ပျိုးကြ သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးမှုမှာ ၁၂၉၇၀၃ ဧက   စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှ အထွက်နှုန်းအနေဖြင့် ၃ ဒသမ ၉၄ တင်းနှုန်းဖြင့် တင်းပေါင်း  ၅၁၁၀၃၀ တင်း ထွက်ရှိခဲ့ပြီး ဆောင်း နှမ်းစိုက်ဧကမှာ ၁၇၄ ဧကစိုက်ပျိုးနိုင်ခဲ့သည်။ တစ် ဧက   ပျမ်းမျှအထွက်နှုန်း မှာ ၄ ဒသမ  ၆၉ တင်း နှုန်းဖြင့် အထွက်တင်းပေါင်း ၈၁၆ တင်း ထွက်ရှိခဲ့ ကြောင်း  သိရှိရသည်။  မိုးနှမ်းကို နှစ်စဉ်  ဇွန်လ မိုးဦးကျချိန်တွင် စတင်စိုက်ပျိုးကြပြီး သြဂုတ်လ ပထမပတ်မှစတင်၍ လှိုင်လှိုင်ပေါ်မည်ဖြစ်သည်။ နွေနှမ်းကို မတ်လနှင့် ဧပြီလတို့တွင် စိုက်ပျိုးကြပြီး ဇွန်လနှင့်   ဇူလိုင်လများတွင်    ထွက်ပေါ်လေ့ရှိ ကြောင်း သိရှိရသည်။
အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော  ဈေးနှုန်း များမှာ ၂၀၂၂ ခုနှစ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၃၇၀ဝ၀၊ ၃၈၀ဝ၀ ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ဖြင့် ဈေးဖွင့်ရောင်းဝယ်ခဲ့ပြီး ဧပြီလ တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၅၀ဝ၀ဝ ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၅၃၀ဝ၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ်တွင် နှမ်းနီတစ်တင်းလျှင်  ကျပ် ၆၈၀ဝ၀- ၇၀ဝ၀ဝ ဝန်းကျင်၊ နှမ်းဖြူ တစ်တင်းလျှင်  ကျပ် ၉၀ဝ၀ဝ ဝန်းကျင်များဖြင့် ဈေးဖွင့် အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး  ယခုချိန်တွင်  နှမ်းနီတစ်တင်း ကျပ် ၈၅၀ဝ၀၊  နှမ်းဖြူတစ်တင်းလျှင်  ကျပ် ၁၁၄၀ဝ ဝန်းကျင်သို့  ဈေးနှုန်းများမြင့်တက်၍ အရောင်း အဝယ်ဖြစ်ပေါ်လျက်ရှိသည်။
ထို့ပြင် ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်တွင်  ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်း ငယ်သာ စိုက်ပျိုးမှုရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် တွင် မိုးမြေပဲကို ၆၁၂၆၈ ဧက စိုက်ပျိုးခဲ့ပြီး တစ် ဧက ပျမ်းမျှအထွက်နှုန်း ၄၂ဒသမ၂၅ တင်းနှုန်းဖြင့် တင်းပေါင်း  ၂၅၈၈၅၇၃ တင်း   ထွက်ရှိခဲ့သည်။ ဆောင်းမြေပဲ  စိုက်ပျိုးမှုအနေဖြင့် ၁၉၆ ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၄၆ တင်းဖြင့် တင်းပေါင်း ၉၀၁၆ တင်း ထွက်ရှိခဲ့သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို  စိုက်ပျိုးရန် လျာထားမှုအနေဖြင့် ၅၈၂၇၁ ဧက လျာထားမှု ရှိပြီး  ဇွန်လကုန်အထိ ၂၇၅၂၅ ဧကစိုက်ပျိုးပြီး ဖြစ်သည်။ 
၂၀၂၂-၂၀၂၃ ခုနှစ်ဇွန်လတွင် မြေပဲဆီဆန် တစ်တင်းလျှင် ကျပ် ၆၄၀ဝ၀၊ မြေပဲလုံးဆန် တစ် တင်းလျှင် ကျပ် ၆၈၈၀ဝ၊ မျိုးမြေပဲ တစ်တင်းလျှင် ကျပ် ၇၂၀ဝ၀ များဖြင့်  ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ် ကာလတူလတွင် မြေပဲဆီဆန် တစ်တင်းလျှင် ကျပ် ၁၀၄၀ဝ၀ မြေပဲလုံးဆန် တစ်တင်းလျှင်    ကျပ် ၁၀၈၀ဝ၀၊ မျိုးမြေပဲတစ်တင်းလျှင်ကျပ် ၁၁၂၀ဝ၀ ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက် ရှိသည်။     

မြသန္တာထွန်း၊  ထားအိဝင်း