Main menu

Background

မတ်ပဲဈေး အတက်နှင့် ဈေးကွက် အလားအလာ

Mon, 08/14/2023 - 10:20 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများမှာ ပြီးခဲ့ သည့်  ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက တစ်တင်းဈေးနှုန်း ကျပ် ၇၅၀ဝ၀ အောက်သို့  ရောက်ရှိနေခဲ့ရာမှ   ဇူလိုင်လကုန်ရက်အတွင်း မှစတင်၍ ဈေးနှုန်းအနည်းငယ် ပြန်တက်လာကြောင်း တွေ့ရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇူလိုင် ၃၁ ရက်တွင် တစ်တင်းဈေးနှုန်း ကျပ် ၇၆၀ဝ၀၊ သြဂုတ် ၂ ရက်တွင် ကျပ် ၇၆၅၀ဝ၊  ၃ ရက်တွင် ကျပ် ၇၇၀ဝ၀၊  ၄ ရက်တွင် ကျပ် ၇၇၆၀ဝ၊ ၅ ရက်တွင် ကျပ် ၇၇၀ဝ၀၊ ၇ ရက်နေ့တွင် ကျပ် ၇၆၅၀ဝ အသီးသီး ဖြစ်ခဲ့သည်။
မြန်မာငွေကြေးဈေးနှုန်းအတက်အကျနှင့် မတ်ပဲ အဓိကဝယ် လက်နိုင်ငံ၏ ရာသီဥတုအခြေအနေ၊ မတ်ပဲစိုက်ဧက အပြောင်းအလဲ များကို မြန်မာမတ်ပဲကုန်သည်များက စောင့်ကြည့်လျက်ရှိပြီး လက် ကျန်မတ်ပဲများကို လက်ဝယ်ထားရှိကာ ဈေးအပြောင်းအလဲကို ဆက် လက်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။ အဓိက ဝယ်လက် ဖြစ်သော အိန္ဒိယနိုင်ငံ၏ ပြည်တွင်း မတ်ပဲဈေးနှုန်းသည်လည်း ပဲခွဲ စက်များ၏ ဝယ်လိုအားကောင်းနေခြင်းကြောင့် ဈေးနှုန်းဆက်လက် မြင့်တက်နေကြောင်း  ှုဏွဗ က ဆိုထားသည်။ 
အိန္ဒိယနိုင်ငံ၏ မိုးစိုက်မတ်ပဲ စိုက်ဧကသည် ယခင်နှစ်ကာလတူ နှင့်နှိုင်းယှဉ်လျှင် ၁၃ ဒသမ ၇၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တွေ့ရသည်။ တောင်သူများက အကျိုးအမြတ်ပိုများသော၊ စိုက်စရိတ် သက်သာသော မြေပဲနှင့် ပဲပုပ်ကို ပြောင်းလဲစိုက်ပျိုးလာခြင်းကြောင့် ဖြစ်ကြောင်းလည်း  ှုဏွဗ က တင်ပြထားသည်။
မြန်မာမတ်ပဲလက်ကျန်  တန်ချိန် သုံးသိန်းခွဲ လေးသိန်းခန့် ကျန်ရှိနေဦးမည်ဖြစ်ပြီး ယခုနှစ် မတ်ပဲဈေးနှုန်းအရ လာမည့် မတ်ပဲ စိုက်ရာသီတွင် မတ်ပဲစိုက်ဧက ၁၀ - ၁၅ ရာခိုင်နှုန်းခန့် တိုးလာနိုင် သဖြင့် မတ်ပဲထွက်ရှိမှု တန်ချိန် ခြောက်သိန်းခွဲ-ခုနစ်သိန်းခန့်ရှိမည်ဟု အိန္ဒိယဘက်က ခန့်မှန်းထားသည်။
သြဂုတ် ၂ ရက်တွင် ပဲမျိုးစုံ  ကွန်တိန်နာ ၃၂၀ လုံး ပါရှိသော သင်္ဘောတစ်စင်း၊ ၈ ရက်တွင် ပဲမျိုးစုံကွန်တိန်နာ ၃၄၀ လုံးပါရှိသော သင်္ဘောတစ်စင်း၊ ၁၅ ရက်တွင် ပဲမျိုးစုံ ကွန်တိန်နာ ၃၀ဝ ပါရှိသော သင်္ဘောတစ်စင်းနှင့် ၂၅ ရက်တွင် ဒုတိယသင်္ဘောတစ်စင်း၊  စုစုပေါင်း သင်္ဘောလေးစင်းသည် မြန်မာမှ ချနိုင်းဆိပ်ကမ်းသို့ ထွက်ခွာမည် ဖြစ်ပြီး  ကွန်တိန်နာ အရေအတွက်၏ ၇၅ ရာခိုင်နှုန်းမှာ မတ်ပဲတင် ဆောင်ထားခြင်းဖြစ်ကြောင်း  ှုဏွဗ က ဖော်ပြထားသည်။
အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ရာသီဥတုအခြေ အနေ၊ မတ်ပဲစိုက်ဧက  ကျဆင်းလာမှု၊ ပဲခွဲစက်များ၏ ဝယ်လိုအား အခြေအနေများအရ မြန်မာမတ်ပဲဆက်လက် ဈေးကောင်းရနေနိုင် ကြောင်း သုံးသပ်ရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး