မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံခရိုင် မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ဆောင် ရွက်သော ဒေသဖြစ်ရာ စပါးကိုအများ ဆုံးစိုက်ပျိုးကြသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နွေစပါး ၄၇၉၆၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဇွန်လဆန်းပိုင်းမှစတင် ရိတ်သိမ်းလျက်ရှိရာ ဇူလိုင်လကုန်အထိ ၃၈၃၀ ဧက ရိတ်သိမ်းပြီးဖြစ်၍ အထွက် နှုန်း ၁၀၃ ဒသမ ၂၃ တင်းဖြင့် အထွက် စုစုပေါင်း ၃၉၅၄၁၈၁ တင်း ထွက်ရှိခဲ့ သည်။ ၂၀၂၃- ၂၀၂၄ ခုနှစ်အတွက် မိုး စပါးများ ဆက်လက်စိုက်ပျိုးလျက်ရှိရာ ၇၇၉၃ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။
မိုးစပါးစိုက်ပျိုးရာတွင် ဧရာမင်း (မဂျမ်းတော) စပါးမျိုးနှင့် မနောသုခ စပါးမျိုးများကို အလေးထားစိုက်ပျိုး ကြပြီး အခြားစပါးမျိုးများလည်း အနည်းငယ်စိုက်ပျိုးကြသည်။ အရည် အသွေး အကောင်းဆုံးနှင့် ဒေသစား သုံးမှုအများဆုံး ဈေးကွက် ထိပ်တန်းဝင် မဂျမ်းတော စပါးမျိုးသည် မိုးစပါး တစ်ရာသီသာလျှင် စိုက်ပျိုးထွက်ရှိ သည်။
ဆန်စပါးဈေးကွက် အနေဖြင့် ယခင်လတွင် စပါးတင်း ၁၀ဝ လျှင် မဂျမ်းတော(ဟောင်း) ကျပ် ၂၂၀ဝ၀ဝ၀၊ မနောသုခ(ဟောင်း) ကျပ် ၁၈၀ဝ၀ဝ၀ ရှိခဲ့ရာမှ ယခုလတွင် စပါးတင်း ၁၀ဝ လျှင် မဂျမ်းတော(ဟောင်း) ကျပ် ၃၅၀ဝ၀ဝ၀၊ မနောသုခ(ဟောင်း) ကျပ် ၂၀ဝ၀ဝ၀ဝ ဖြင့်လည်းကောင်း၊ ယခင် လတွင် ဆန်၂၄ ပြည် တစ်အိတ်လျှင် မဂျမ်းတော(ဟောင်း) ကျပ် ၈၅၀ဝ၀၊ မနောသုခ (ဟောင်း) ကျပ် ၇၅၀ဝ၀ ရှိခဲ့ရာမှ ယခုလတွင် ဆန်(၂၄)ပြည်တစ် အိတ်လျှင် မဂျမ်းတော (ဟောင်း) ကျပ် ၁၃၅၀ဝ၀၊ မနောသုခ (ဟောင်း) ကျပ် ၉၀ဝ၀ဝ ဈေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိသည်။
လက်ရှိအချိန်တွင ်နွေစပါးများ ဖြစ်သည့် နှာကောက်၊ ရက် ၁၁၀၊ ရက် ၉၀ ၊ ရွှေသွယ်ရင် စသည့် နွေစပါးများမှာ ဒေသ စားသုံးဆန်မဟုတ်သည့်အတွက် ကြောင့်ကြိတ်ရောင်းစနစ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ နွေစပါး ဆန်ဈေး ကွက်အနေဖြင့် အလွန်အမင်း မြင့်တက် ခြင်းမရှိဘဲ စပါးအခြောက်ဈေးဖြစ် သည့်အတွက်ကြောင့် စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ ဈေးနှုန်း များဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း စက်ပိုင်၊ ကုန်သည်၊ ပွဲစားများ ထံမှ သိရှိရသည်။
ဝင်းမာ