အူပင်ခရိုင် မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာသည် မအူပင်- ကျိုတ်လတ်ကားလမ်းမဘေးတွင် တည်ရှိပြီး စပါးစိုက်ပျိုးမှုတွင် ယခင်က ရေနက်ကွင်းများဖြစ်သောကြောင့် စပါးစိုက်ပျိုးမှု အခက် အခဲဖြစ်ခဲ့သည်။
မအူပင်-ကျိုတ်လတ် ကားလမ်းမဘေးရှိ ညောင်ဝိုင်း၊ အိုင်ဝိုင်း၊ အလန်းကြီး၊ မင်းဘော၊ ကျုံစုတ်နှင့် တာပါတ် အနောက် ကျေးရွာများသည် ယခုအခါတွင် ရေနက်ကွင်းများ၌ ဧပြီ၊ မေလ များတွင် မိုးစရွာပြီး မြေဆီစိုသည့်အချိန်တွင် ျွွှ ၁၁ စပါးမျိုး၊ ဆင်းသုခစပါးမျိုး၊ မနောသုခ စပါးမျိုးနှင့် ပြည်တော်ယဉ်စပါးမျိုး များကို စတင်စိုက်ပျိုးခဲ့သည်။
ရက်ပေါင်း ၁၀ဝ ကျော်သတ်တမ်းရှိ စပါးမျိုးများဖြစ်သော ကြောင့် ဇူလိုင်လကုန်ပိုင်းမှစ၍ စပါးများ စတင်ထွက်ရှိလာပြီး တစ်ရက်လျှင် စပါး တင်း ၂၀ဝ၀ ခန့် ပေါ်ဦးပေါ်ဖျား စတင်ထွက် ရှိပြီး စပေါ်ချိန်တွင် စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၃၅၀ဝ၀ဝ ဖြင့် စတင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပဲခူတိုင်းဒေသကြီး လက်ပံ တန်းမြို့နယ်မှ လာရောက်ဝယ်ယူနေသော စပါးပွဲစားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
တစ်မိုးနှစ်သီးစပါးများဖြစ်သော ျွွှ၁၁ ၊ ဆင်းသုခ၊ မနော သုခနှင့် ပြည်တော်ယဉ်စပါးများသည် ရေနက်ကွင်းများတွင် ရိတ် သိမ်းြွေခလှေ့စက်ဖြင့် လွယ်ကူစွာရိတ်သိမ်းနိုင်သည့် နည်းပညာ၏စွမ်းပကားကြောင့် စပါးများကို ရိတ်သိမ်းြွေခလှေ့ပြီး ကျုံစုတ်တာ ပေါ်တွင် ၁၂ ဘီးကားများ၊ ထော်လာဂျီများ၊ ယာဉ်ကြီး၊ ယာဉ်ငယ် အမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကျုံစုတ်ကျေးရွာမှ စိုက်ပျိုးသူ တောင်သူတစ်ဦးက ရှင်းပြခဲ့သည်။
မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ဖွံ့ဖြိုးကုန်သွယ် နိုင်ငြွံကယ် ဆိုသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်အတိုင်း မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာတွင် အရောင်း အဝယ်တွင်ကျယ်နေသော တစ်မိုးနှစ်သီး စိုက်ပျိုးထုတ်လုပ် နေသည့် တောင်သူဝယ်ယူပြီးသယ်ယူနေသော စပါးပွဲစား၊ စက်ပိုင် များဖြစ်သည့် ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့၊ ဇီးကုန်းမြို့နှင့် ပုတီးကုန်းမြို့များမှ စပါးပွဲစားများ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ ဓနုဖြူမြို့နှင့် မအူပင်မြို့များမှ စက်ပိုင်များနှင့် တွေ့ဆုံ၍ စပါးစိုက်ပျိုးထွက်ရှိမှု၊ ဝယ်ယူမှု၊ ရောင်းချမှုနှင့် သယ်ယူ မှုတို့၏ အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တောင်သူ ဦးကျော်မြင့်ဌေး ၏ ပြောပြချက်အရ မအူပင်မြို့နယ်တွင်းမှ ကျုံစုတ်၊ မင်းဘော၊ ကနူ၊ ကညင်ဝ၊ အလန်းကြီး၊ တာပါတ်အနောက် ကျေးရွာအုပ်စုများ နှင့် ကျိုတ်လတ်မြို့နယ်နှင့် မအူပင်နယ်စပ်ရှိ ကျေးရွာတချို့တွင် တစ်မိုးနှစ်သီးစပါးများကို တစ်နှစ်ထက် တစ်နှစ်ပိုမိုစိုက်ပျိုးလာပြီး ယခုနှစ် သြဂုတ်လတွင် တစ်ရက်လျှင် စပါးတင်းရေ ၂၀ဝ၀ဝ ကျော် နေ့စဉ်အရောင်းအဝယ်ဖြစ်နေပြီး ယခု စက်တင်ဘာလဆန်း ပိုင်းတွင်လည်း နေ့စဉ် စပါးတင်း ၂၀ဝ၀ဝ ကျော် အရောင်းအဝယ် ဖြစ်နေကြောင်းနှင့် ျွွှ၁၁စပါးနှင့် ပြည်တော်ယဉ် စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ ဆင်းသုခနှင့် မနောသုခစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၅၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ် တွင်ကျယ် လျက်ရှိကြောင်းလည်း ထပ်မံတင်ပြ ဆွေးနွေးခဲ့ သည်။
ထို့ပြင် ယခုနှစ်၌ မိုးဦးနောက်ကျသဖြင့် တစ်မိုး နှစ်သီး စပါး စိုက်ပျိုးချိန်တွင် ရေရရှိမှု ရာသီဥတုမျှတမှုရှိခြင်းတို့ကြောင့် တစ် ဧကလျှင် စပါးတင်း ၉၀ ခန့်ထွက်ရှိကြောင်းလည်း ထပ်မံ တင်ပြ ဆွေးနွေးခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင် ဦးစီးမှူး ဦးအောင်ဇော်ဦးမှ တစ်မိုးနှစ်သီး စိုက်ပျိုးတောင်သူ များအတွက် ဝင်ငွေတိုးသည့် စပါးစိုက်ပျိုးထုတ်လုပ်မှု၏ အသီး အပွင့်များဒေသတွင် စပါးဖူလုံပြီး ဆန်စပါး ဈေးကွက်ရရှိမှု၏ ရလဒ်ကောင်းများနှင့် ဒေသတွင်း စပါးဖူလုံပြီး ဆန်စပါး ဈေးကွက် ရရှိမှု၏ ရလဒ်ကောင်းများ၊ မြို့နယ်တွင်း၊ မြို့နယ်ကျော်၊ တိုင်း ကျော် ဝယ်ယူမှုနှင့် ကျုံစုတ်တွင် စပါးရောင်းဝယ်မှုဈေးကွက် ဖြစ တည်နေမှုနှင့် ယခုတောင်သူများ၏ တစ်မိုးနှစ်သီး စိုက်ပျိုးထုတ် လုပ်အောင်မြင်မှုကို နီးစပ်သည့်ရွာမှ တောင်သူများကလည်း စိုက် ပျိုးထုတ်လုပ်မည့် အလားအလာကောင်းများကို တွေ့ရှိရသဖြင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် ထုတ်လုပ်၍ ဈေး ကွက်ရရှိနေ မည့် တစ်မိုးနှစ်သီးစပါးထွက်ရှိမှုနှင့် ဈေးကွက်ဝယ်လိုအား ရရှိမှု မှာ အားရကျေနပ်ဖွယ် မြင်တွေ့ရခဲ့ကြောင်း တောင်သူများ၊ စပါးပွဲ စားများ စက်ပိုင်များနှင့် တွေ့ဆုံချိန်တွင် ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
Consumer (MT)