Main menu

Background

မိတ္ထီလာခရိုင်တွင် ကြက်သွန်နီဈေး အနည်းငယ်ကျဆင်း

Tue, 09/26/2023 - 10:18 -- journal_editor

မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီလက်ကားဈေး အနည်းငယ် ကျဆင်း သကဲ့သို့ နယ်ဝေးတင်ပို့မှုမှာလည်း လျော့နည်းလာကြောင်း  သိရသည်။ ယခင်က ရန်ကုန်၊ ပဲခူးသို့ ပုံမှန်ပို့နိုင်ပြီး နယ်စပ်လမ်းကြောင်းများသို့ပါ တင်ပို့ နိုင်ခြင်းကြောင့် ကုန်တင်ယာဉ်များအတွက် အကျိုးအမြတ်များခဲ့သည်။ တင်ပို့ရာတွင် ဘင်္ဂလားဒေ့ရှ်သို့  ဥလနမ ှနေ မှလည်းကောင်း၊ ဗီယက်နမ်၊ မလေး ရှားနိုင်ငံများသို့ နယ်စပ်လမ်းကြောင်းဖြစ်သည့် မြဝတီမှလည်းကောင်း တင်ပို့ ကြောင်းသိရသည်။
ယခုအခါ ပစ္စည်းအရည်အသွေး၊  သိုလှောင်ချိန်နှင့် ရာသီဥတု အခြေ အနေအရ အရည်အသွေး ကျဆင်းလာခြင်း၊ နယ်စပ်ငွေလဲနှုန်း ကျဆင်းခြင်း တို့ကြောင့် တစ်ပတ်အတွင်း တင်ပို့မှုလျော့ကျလာကြောင်း သိရသည်။ တစ် ပတ်အတွင်း  ရန်ကုန်သို့ ၁၂ ဘီးယာဉ် နှစ်စီး၊ ကုန်ချိန် ၁၀ တန်ခန့်နှင့် ပဲခူးသို့ ခြောက်ဘီးယာဉ်ဖြင့် ကုန်ချိန် ၁ ဒသမ ၅ တန်ကျော် တင်ပို့နိုင်ခဲ့သည်။ 
ကုန်တင်ခများ မြင့်တက်မှုမရှိဘဲ ရန်ကုန်သို့ တစ်ပိဿာ ကျပ် ၁၂၀၊ ပဲခူးသို့ ကျပ် ၁၀ဝ ရှိပြီး ကြက်သွန်နီ လက်ကားဈေးမှာ ယခင်တစ်ပတ်ထက် တစ်ပိဿာ ကျပ် ၂၀ဝ-၃၀ဝ ကျဆင်းရာ လက်ရှိဈေးမှာ လက်ကားဈေး တစ် ပိဿာလျှင် ကျပ် ၂၈၀ဝ-၂၇၀ဝ ရှိကြောင်း ဈေးကွက်မှ သိရသည်။

သင်းသင်းမြတ် (မိတ္ထီလာ)