ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ စက်တင်ဘာ ၁၆ ရက်မှ ၂၁ ရက်ထိ နေ့စဉ်ကုန်ချိန် ပိဿာ နှစ်သောင်းခွဲခန့်၊ တစ်ပတ်အတွင်း စုစု ပေါင်း ပိဿာတစ်သိန်းခွဲခန့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ တစ်ပတ်အတွင်း ပိဿာ လေးသိန်းခန့် စီးဆင်းလျက်ရှိကြောင်း သိရှိရသည်။
ယခု စက်တင်ဘာလ တတိယပတ်အတွင်း ကြက်သွန်နီတစ် ပိဿာ ဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ် ၂၆၅၀ မှ ၂၉၅၀ ၊ အလတ်စ ကျပ် ၂၅၀ဝ မှ ၂၆၂၅၊ အနိမ့်ဈေး ကျပ် ၂၄၀ဝ မှ ၂၆၀ဝ ဈေးနှုန်းအသီးသီး ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့၍ ယခုတစ်ပတ်တွင် ထိပ်စ(ရှယ်)၊ အလတ်စနှင့် အသေးစ ကျပ် ၅၀ ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး စီးဆင်းလျက်ရှိပြီး ပြည်ပတင်ပို့မှု နည်းကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရသည်။ ယခုစက်တင်ဘာလ တတိယပတ် အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ လေးသိန်းခန့်၊ အိတ် ၁၆၀ဝ၀၊ တန်ချိန် ၆၅၃ ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိ ရသည်။ ဆိပ်ဖြူကြက်သွန်နီ စက်တင်ဘာလ တတိယပတ်တွင် ပြည်ပ ဝယ်လိုအားနည်း၍ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဈေးကွက်မှ သိရှိရ သည်။
မြင့်မြင့်သန်း(ပခုက္ကူ)