ဆန်
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈၆၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၂၁၅၀ ကျော် တင်ပို့ ခဲ့သည်။
ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၉၆၇၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တေန်ချိန်၂၃၃၀ ကျော်နှင့် အာဖရိကနိုင်ငံဖြစ်သော နယူးဂီနီနိုင်ငံသို့ ဆန်တန် ချိန် ၁၅၀တင်ပို့ခဲ့ကြောင်း သိရသည်။ အာရှနိုင်ငံများဖြစ်သော မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၆၂၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံ သို့ ဆန်တန်ချိန် ၂၄၇၀၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၄၅၀ဝနှင့် ဟောင်ကောင်သို့ ဆန် ၇၈ တန် တင်ပို့ခဲ့သည်။
အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၅၂၀ကျော်၊ စပိန်နိုင်ငံသို့ ဆန် ၄၂၅ တန်၊ ပိုလန် နိုင်ငံသို့ ဆန် ၃၇၅ တန်၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန် ချိန် ၂၆၀ ၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဘယ်လ် ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ အီတလီနိုင်ငံသို့ ဆန် ၁၂၅ တန်နှင့် လစ်သူယေးနီးယားနိုင်ငံသို့ ဆန် ၁၂၅ တန်တင်ပို့ခဲ့ သည်။
အောက်တိုဘာလ ဒုတိယပတ်တွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၉ သန်း တန်ဖိုးရှိ ဆန် ၅၉၇ တန် တင်ပို့ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တန်ချိန် ၂၂၇၅၀ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၂၉ သန်း ရရှိခဲ့ သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၁၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
ဆန်ကွဲ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၈၃ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၆၉၀ဝ ကျော် တင်ပို့ခဲ့သည်။
ဆန်ကွဲတင်ပို့သော နိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၃၇၀ ကျော်၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ဆန်ကွဲ ၁၃၇၀ ကျော်၊ ချက်သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၅ တန် တင်ပို့ပြီး တရုတ်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၂၀၈၀ တင်ပို့ခဲ့သည်။
အောက်တိုဘာလ ဒုတိယပတ်တွင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀ဝ သန်း တန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၁၁၉၅ တန် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု တန်ချိန် ၈၀ဝ၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၈၃ သန်းရရှိခဲ့သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ် ပါက ဆန်ကွဲတန်ချိန် အနည်းငယ်ပိုမိုတင်ပို့ ခဲ့သည်။
ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၃၀၇၅၀ ကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၁၂ သန်းရရှိခဲ့ကြောင်း သိရှိရသည်။
DAAT