Main menu

Background

ရေစကြိုမြို့နယ် မိုးစိုက်ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Mon, 11/20/2023 - 14:09 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ကို သဘာဝပထဝီအနေ အထားအရ ကုန်းပိုင်း၊ ကုန်းတစ်ပိုင်း ကျွန်းတစ်ပိုင်း၊ ကျွန်းပိုင်းဟူ၍ အပိုင်း (၃)ပိုင်း ဖြင့် ခွဲခြားထားသည်။  ကုန်းပိုင်းတွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ငရုတ်နှင့် ဝါသီးနှံများကို စိုက်ပျိုးကြသည်။ မိုးသီးနှံများထဲတွင် တောင်သူ များ  တွက်ခြေကိုက်သည့်  ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိကြပြီး ဝါသီးနှံများကို အဓိကထားပြီး စိုက်ပျိုးသည့် မြေဖြူ၊ ဂွေးချို၊ စည်သာကျေးရွာများတွင် ဧက ၁၀ဝ ခန့် စိုက်ပျိုးထားရှိကြောင်း မြေဖြူကျေးရွာနေ တောင်သူတစ်ဦး ၏ ပြောပြချက်အရ သိရှိရသည်။
ဝါသီးနှံများကို ပဲစင်းငုံသီးနှံခင်းတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက် ပျိုးခြင်းဟူ၍ စိုက်ပျိုးကြသည်။ မျိုးများအနေဖြင့် ဒေသမျိုး ငွေချည်-၉၊ ရွှေတောင်-၁၀များကို စိုက်ပျိုးကြပြီး သြဂုတ်လတွင် စတင်စိုက်ပျိုးကြကြောင်း မိမိအနေဖြင့် ငါးဧက စိုက်ပျိုးထားရှိကြောင်း တစ်ဧကအနေဖြင့် မျိုးစေ့ ငါးပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းတို့အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်သုံးသိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ် ဧကတွင်    ပိဿာ ၂၀ဝ မှ ၃၀ဝ ထွက်ရှိကြောင်း၊ တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ခန့် ရောင်းရပြီး အကျိုးအမြတ်အနေဖြင့် လေးသိန်းကျပ်ခန့်ရှိကြောင်းများကို ပြောကြား ချက်အရ သိရှိရသည်။  
ဝါသီးနှံသည် မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကြကာ မိုး ကြိုက်သော သီးနှံဖြစ်ပြီး မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိကြောင်း၊ သွင်း အားစုဖြစ်သည့် မြေသြဇာနှင့်ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမို ထွက်ရှိနိုင်ကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ဘဲ သက်သာသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးသင့်ကြောင်း ပြောပြခဲ့သည်။ ဝါသီးနှံ တစ်ဧက စိုက်ပျိုး မည်ဆိုလျှင် ပျမ်းမျှကုန်ကျစရိတ်မှာ ကျပ် ၁၈၀ဝ၀ဝ ခန့်ဖြစ်ပြီး တစ်ဧက ဝါအထွက် ပိဿာ  ၃၀ဝ ထွက်ရှိလျှင် တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၁၂၀ဝ ဖြစ်သည့်အတွက် ကျပ် ၃၆၀ဝ၀ဝ  ရရှိသဖြင့် ပျမ်းမျှ အကျိုးအမြတ်မှာ ကျပ် ၁၈၀ဝ၀ဝ ခန့်ရရှိခဲ့ပြီး ယခုနှစ်တွင် ကုန်ကျစရိတ်များပြားသလို ဈေးနှုန်းမှာလည်း မြင့်သဖြင့် ရာသီဥတု အခြေအနေမှာလည်း ကောင်းမွန်သဖြင့် ယခုနှစ် နိုဝင်ဘာလတွင် စတင်၍ ဝါသီးနှံ များခူးဆွတ်နေပြီး ဇန်နဝါရီလထိ ခူးဆွတ်ရမည်ဖြစ်သဖြင့်  ခန့်မှန်းအထွက်နှုန်း  ပိဿာ ၃၀ဝ ခန့်ရရှိနိုင်ပြီး တောင်သူများ မျှော်လင့်နေသည့် အကျိုးအမြတ်ရရှိမည် ဖြစ်ကြောင်း  တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ 

 

 မြတ်မင်း (ရေစကြို)