Main menu

Background

ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီမျိုးစေ့များ ကြဲပက်ပျိုးထောင်

Mon, 12/04/2023 - 11:52 -- journal_editor

     ဆိပ်ဖြူမြို့နယ်အတွင်းရှိ  ဒေသခံ တောင်သူ များသည် နှစ်စဉ်   ကြက်သွန်နီ(ပင်စိုက်)စိုက်ပျိုးမှု ကို ဒေသစီးပွားဖြစ် အဓိက  အများဆုံးစိုက်ပျိုးကြ သည်။ ယခုနှစ်တွင်လည်း   ဆောင်းစိုက်၊ ပင်စိုက် စိုက်ပျိုးရန်အတွက်      တောင်သူ အများစုသည် အောက်တိုဘာလလယ်မှစ၍      မျိုးစေ့ကြဲပက် ပျိုးခင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။   မျိုးဖြင့်  ကြဲပက်စိုက်   တောင်သူများသည်  မိမိစိုက်ခင်းအတွက်လည်းကောင်း၊ ပြန်လည်ရောင်း ချရန်အတွက်လည်းကောင်း မျိုးစေ့လေးဘူး၊  တစ် ပြည်မှစ၍ တစ်တင်း၊  ၁၆ ပြည်အထိ ပျိုးခုံ၊ ပျိုးခင်း များ ပြုလုပ်ကြသည်။
    ယခုနှစ်တွင်   မျိုးစေ့ကြဲပက်ဆောင်ရွက်မှု အခြေအနေအား  သိရှိရန်အတွက် မြို့ပေါ်ရှိ ကြက် သွန်နီ   စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း ရှင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းရာ  စိုက်တောင် သူမှာ   ယခုနှစ်တွင် ကြက်သွန်နီမျိုးစေ့   တစ်တင်း သုည ဒသမ ၅ ဧကခန့်  ပျိုးခင်းပြုလုပ်    စိုက်ပျိုး ကြောင်း မျိုးစေ့တစ်ပြည်   ကျပ်တစ်သိန်းဈေးဖြင့် ဝယ်ယူရကြောင်း၊  အောက်တိုဘာလကုန်ပိုင်းတွင် ပျိုးခုံပြုလုပ် ကြဲပက်ကြောင်း၊ ကြဲပက် ပြီး ၄၅ရက် သားခန့်တွင်  ပျိုးပင်နုတ်ရပြီး   ဒီဇင်ဘာ၊ ဇန်နဝါရီ တွင် စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ပျိုးပင်များကို မိမိ ပြန်လည် စိုက်ပျိုးသည့်အပြင်   ပိုလျှံသည့် ပျိုးပင် များကို  ရောင်းချသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် တွင် မျိုးစေ့စရိတ်၊သွင်းအားစုစရိတ်၊ အလုပ်သမား ငှားရမ်းခစရိတ် ကြီးမြင့်ခြင်းကြောင့် ကုန်ကျစရိတ် မှာ ယခင်နှစ်ထက်များကြောင်း၊ ကျပ် ၂၈ သိန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းကြောင်း စိုက်တောင်သူက ပြောကြားသည်။
ယခင်နှစ်က မျိုးစေ့တစ်ပြည် ကျပ်သုံးသောင်း ခန့်ဖြင့်  ဝယ်ယူရကြောင်း၊  သုည ဒသမ ၅ ဧကတွင် မျိုးစေ့ တစ်တင်းစိုက်ပျိုးရ၍    ကျပ် ၁၀ သိန်းခန့် ကုန်ကျပြီး မျိုးစေ့တစ်ပြည်ပျိုးလျှင် ပျိုးပင်ရောင်းခ ကျပ် နှစ်သိန်းဈေးဖြင့် ရောင်းချရ၍ ကျပ်၁၅ သိန်း ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခု နှစ်တွင် မျိုးစေ့တစ်ပြည် ကျပ်တစ်သိန်းဖြင့်  ဝယ် ယူရပြီး တစ်ပြည်ပျိုးခ   ကျပ်သုံးသိန်း ဝန်းကျင်ခန့် ရောင်းချရမည်ဆိုလျှင် အကျိုးအမြတ်များစွာ ရရှိ မည်ဖြစ်ပြီး    မိုးကြက်သွန်နီဥများ    တူးဖော်ချိန် တွင် ယခင်နှစ်ကဲ့သို့ဈေးနှုန်း၊   ဈေးကွက်ကောင်း မွန်ရန် မျှော်လင့်ကြောင်း၊ ပျိုးပင်ဈေးကွက်လည်း ကောင်းမွန်မည်ဖြစ်ကြောင်း       စိုက်တောင်သူမှ တစ်ဆင့် သိရှိရသည်။         

 

မြင့်မြင့်သန်း(ပခုက္ကူ)