Main menu

Background

ပေါက်မြို့နယ် ယောချောင်းဘေးရှိ အောက်ကျင်းကျေးရွာ၌ ကြက်သွန်နီ စိုက်ပျိုးမှု အခြေအနေ

Mon, 12/04/2023 - 11:58 -- journal_editor

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက် မြို့နယ်၊ ပျဉ်းချောင်းအုပ်စု၊   ယောချောင်းနံဘေးရှိ ကျေးရွာများဖြစ်သော   ပျဉ်းချောင်း၊ ထန်းတော ကုန်း၊ ဆူးလေကုန်း၊ ဆယ်ဝ၊  ဆင်သေ၊ အောက် ကျင်း စသည့်ကျေးရွာများသည်   စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး စပါး၊ ကုလားပဲ၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး  စသည့် သီးနှံများကိုရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
မိုးကြက်သွန်နီ(ခေါ်)ဥစိုက်ကြက်သွန်နီများ ကို အောက်ကျင်းကျေးရွာရှိ   တောင်သူ ၁၀ ဦးမှ ၁၀ ဧကနီးပါး  စိုက်ပျိုးထားရှိပြီး မိုးနှောင်းကာလ ဖြစ်သည့်    အောက်တိုဘာလကုန်နှင့်နိုဝင်ဘာလ အစတွင်    စတင်စိုက်ပျိုးကြကြောင်း   သိရသည်။ စိုက်ပျိုးရာတွင် မျိုးစေ့ကို  ဝယ်စရာမလိုဘဲ ယခင် နှစ်က  စိုက်ပျိုးခဲ့သည့်   ကြက်သွန်နီစိုက်ခင်းများမှ ထွက်ရှိသော    ကြက်သွန်နီဥများထဲမှ  အသေးဆုံး အရွယ်များကို မျိုးအဖြစ် ဖယ်ချန်ကာ စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ ကြက်သွန်နီစိုက်ခင်း  တစ်ဧကလျှင် စိုက်ပျိုးရန်  မြောင်းဘောင် ၂၀ဝ နီးပါး ပြုလုပ်ရပြီး တစ်ဘောင်လျှင် မျိုးဥကြက်သွန်နီနှစ်ပိဿာကျော် အသုံးပြုရ၍ တစ်ဧကလျှင် ပိဿာချိန် ၄၀ဝ ကျော် ကုန်ကျကြောင်း၊   စတင်စိုက်ပျိုးသည့်    အချိန်မှ စ၍ ရက်ပေါင်း ၉၀ ကျော်တွင် တူးဖော်ရကြောင်း၊ စိုက်ပျိုးချိန်ရက် ၉၀ အတွင်း  မြေအနေအထားပေါ် မူတည်၍ ရေမှာ   အနည်းဆုံးငါးကြိမ်နှင့်အထက် သွင်းရကြောင်း၊ ပျိုးပင်ကို  စိုက်ပျိုးခြင်းထက် မျိုးဥ စိုက်ပျိုးမှုမှာ အထွက်နှုန်းနည်းပြီး   ဥစိုက်  အထွက် နှုန်းမှာ  တစ်ဧကလျှင် ပိဿာချိန်   ၃၀ဝ၀ နီးပါး ထွက်ရှိကြောင်း၊   ထွက်ရှိသော ကြက်သွန်နီများကို ကမ္မမြို့နှင့်ပခုက္ကူမြို့ ရှိကုန်စည်ဒိုင်များသို့ တိုက် ရိုက်တင်ပို့ရောင်းချကြောင်း၊    ဥစိုက်ကြက်သွန်နီ စိုက်ပျိုးချိန်သည်  မိုးကာလဖြစ်၍    မြက်ပင်များ ရှင်းလင်းရသည့်လုပ်အားခ၊ ထွန်စက်ဖြင့် မြေပြင်ခ အပါအဝင် ယခု ၂၀၂၃ခုနှစ်တွင်   တစ်ဧကလျှင် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် ၁၉ သိန်းနီးပါးရှိ ကြောင်း၊ ယခင်နှစ်က စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၁၆ သိန်းရှိပြီး   ကြက်သွန်နီဈေးနှုန်းမှာ တစ် ပိဿာလျှင် အမြင့်ဆုံး  ကျပ် ၂၅၀ဝ  ရရှိကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီစိုက်ခင်း ကုန်ကျစရိတ်မှာ  မနှစ်ကထက်    ပိုမိုကုန်ကျသောကြောင့်   ယခုနှစ် ကြက်သွန်နီ ထွက်ရှိချိန်တွင်    ကြက်သွန်နီ   တစ် ပိဿာလျှင်   ကျပ် ၃၀ဝ၀ ရရှိမည်ဆိုပါက ကြက် သွန်စိုက်တောင်သူများအနေဖြင့်  အဆင်ပြေမည် ဖြစ်ပါကြောင်း အောက်ကျင်းကျေးရွာနေ ကြက် သွန်စိုက် တောင်သူ ဦးဝင်းနိုင်ထံမှ သိရှိရသည်။                      

 

နှင်းလွင်ဦး