Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Wed, 12/20/2023 - 11:21 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ ၁၃ ရက်တွင် Thai Rice Exporter Association Website  တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ဖြငလ့် ညး် ကောငး် ၊ ဧည့့််မ၂၅ ရာခိုင်နှုန်း တစ်ပြည်လျှင် အမေရိကန်ဒေါ်လာ ၅၁၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၈ ဖြင့်လည်းကောင်း၊ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၄ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၆၀ဝ ဖြင့် လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၂ ဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၆၂ ဖြင့်လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၄၇ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၇ ဖြင့် လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association Website  တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိသည်။ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ မြင့်တက်ပြီး ဗီယက်နမ်နိုင်ငံတွင် ဆန်ဈေးနှုန်းမှာတည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးရေးဦးစီးဌာနDepartment of Agriculture (DA)သည်ဈေးကွက်အတွင်း ဆန်အလုံအလောက် စီးဝင်ရန် ဆန်တင်သွင်းခွင့် ပါမစ်များအတွက် ရက်ကန့်သတ်ချက်ကို လျှော့ချလိုက်ကြောင်းသိရှိရသည်။ ပြင်ဆင်သတ်မှတ်ချက်အသစ်အရ ပြည်ပမှတင်သွင်းသည့် ဆန်များကို မူရင်းနိုင်ငံ မည်သည့်နိုင်ငံမှမဆို သန့်ရှင်းရေးနှင့် ဇီဝဆေးသန့်စင်ရေးဆိုင်ရာ ကင်းရှင်းချက် ျညေငအမေပ ညေိစ့ပအသျညေငအမေပ ငာစသမအ ခူနမေညေခန (ှဏှုဃ) ထုတ်ပေးသည့်နေ့မှရက်ပေါင်း ၃၀ အတွင်း ဈေးကွက်ထဲသို့ တင်ပို့ရမည်ဖြစ်ကြောင်းသိရှိရသည်။ ယခင်က ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်တွင်ရက်ကာလ သတ်မှတ်ချက်များမှာ မြန်မာနိုင်ငံမှအပ အရှေ့တောင်
အာရှနိုင်ငံများထံမှ တင်သွင်းထားသည့် ဆန်ဖြစ်လျှင် ရက်ပေါင်း၆၀၊ မြန်မာနှင့် အရှေ့တောင်အာရှမဟုတ်သော နိုင်ငံများထံမှတင်သွင်းထားသည့် ဆန်ဖြစ်ပါက ရက်ပေါင်း ၉၀ ဟု သတ်မှတ်ထားသည်။ ယခုအခါ စည်းကမ်းအသစ်တွင် မည်သည့်နိုင်ငံမှဆန်ကို ဆန်တင်သွင်းသည်ဖြစ်စေ ရက်ပေါင်း ၃၀ ဟု တစ်ပြေးညီလျှော့ချသတ်မှတ်လိုက်ကြောင်း သိရှိရသည်။ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်(သစ်) တစ်အိတ်လျှင် ကျပ် ၆၂၀ဝ၀ မှ ၆၄၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ရးို ရးို ဆန ် (ဟောငး် ) တစ်အိတ်လျှင်ကျပ် ၆၇၀ဝ၀ မှ ၆၉၀ဝ၀ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင် ဆန်ကြမ်း(သစ်) ဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထဆန်တစ်အိတ်လျှင် ၂၉၀ ယွမ်ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၄၇၆ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည။် မြန်မာ-ထိုင်းနယ်စ‌ေဒသဖြစေသော မြဝတီမြို့တွင်၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရပြင်ပ ငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၉၇ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၆၄၀ဝ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပြည်မြို့တွင် ဧည့်မထဆန်(သစ်)တစ်ပြည်လျှင် ကျပ် ၂၅၀ဝ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်
ခဲ့သည်ကို တွေ့ရှိရသည်။Thai Rice Exporter Association Website  တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၈၂ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

 

P&S