Main menu

Background

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်း ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 01/15/2024 - 10:52 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း  (မကွေးကုန်စည်ဒိုင်)သို့ စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျှောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
 ဇန်နဝါရီလ ပထမပတ်တွင် ကျပ် ၁၀၁၉၀ဝ-၁၀၂၀ဝ၀ ဖြစ်ပြီး ဒုတိယပတ်တွင် ပဲစင်းငုံနီ ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ၁၀၈၈၀ဝ- ၁၀၉၇၀ဝဖြစ်၍ ကျပ် ၆၉၀ဝ-၇၇၀ဝ ဈေးမြင့်ခဲ့ကြောင်း၊ ပဲစင်းငုံနီမှာ တစ်ပတ်အတွင်း အိတ် ၆၀ဝ၀ ခန် ့အရောင်းအဝယ်ဖြစ်ခဲ့သည်။ 
နှမ်းဖြူ ၁၅ ပိဿာ  တစ်တင်းလျှင်   ယခင်တစ်ပတ်တွင် ကျပ် ၁၂၀ဝ၀ဝ ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၁၂၃၀ဝ၀ဖြစ်၍ ကျပ် ၃၀ဝ၀ ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းဖြူမှာ တစ်ပတ်အတွင်း အိတ် ၁၀ဝ၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့သည်။ မကွေးကုန်စည်ဒိုင်တွင် ပဲစင်းငုံနီနှင့်  နှမ်းဖြူတို့မှာ အရောင်းအဝယ် အများဆုံးဖြစ်ပြီး မန္တလေးမှ အများဆုံးဝယ်ယူလျက် ရှိကြောင်း သိရသည်။
မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ယခင်တစ်ပတ်တွင် ကျပ် ၇၅၀ဝ ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၈၂၀ဝ ဖြစ်၍ ကျပ် ၇၀ဝ ဈေးမြင့်ခဲ့ကြောင်း၊ လုံးဆန်ဖြူ တစ်ပိဿာလျှင် ယခင်ပတ်တွင် ကျပ်၆၅၀ဝဖြစ်ပြီး ယခုအပတ် တွင် ကျပ် ၇၁၀ဝ ဖြစ်၍ ကျပ် ၆၀ဝ ဈေးမြင့်ခဲ့ကြောင်း၊ လုံးဆန်နီနှင့် လုံးဆန်ဖြူမှာ တစ်ပတ်အတွင်း အိတ်၂၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်း၊ ကျန် ပဲ၊ နှမ်းသီးနှံများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက်တွင် မကွေးကုန်စည်ဒိုင်၌ သီးနှံဈေးနှုန်းများမှာ နှမ်းနက်စမုန် ၁၅ ပိဿာတစ်တင်းလျှင် ကျပ်၁၁၆၀ဝ၀၊နှမ်းဖြူ ၁၅ ပိဿာ တစ်တင်းလျှင် ကျပ်၁၂၃၀ဝ၀၊ နှမ်းနီ(မကွေး) ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၁၀၁၀ဝ၀-၁၀၂၀ဝ၀၊ နှမ်းနီ(နယ်စ) ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀၊ ပဲမျိုးစုံအနေဖြင့်  ပဲတီစိမ်း ၂၀ ပိဿာ တစ်တင်းလျှင် ကျပ် ၆၂၀ဝ၀၊ ပဲနောက် ၂၀ ပိဿာတစ်တင်းလျှင် ကျပ်၅၀ဝ၀ဝ၊ ပဲလွန်းဝါ ၁၉ ပိဿာ တစ်တင်းလျှင် ကျပ် ၅၄၀ဝ၀-၅၅၀ဝ၀ ကုလားပဲ(၉၂၉) ၁၉ ပိဿာ တစ်တင်းလျှင် ကျပ်၉၄၀ဝ၀၊ ကုလားပဲ(ူံ) ၁၉ ပိဿာ တစ်တင်းလျှင် ကျပ် ၉၃၅၀ဝ၊ ပဲကြီးဖြူ(လတ်) ၁၉ ပိဿာ တစ်တင်းလျှင် ကျပ်၁၂၀ဝ၀ဝ၊ ပဲကြီးဖြူ(သေး) ၁၉ တစ်ပိဿာ တစ်တင်းလျှင် ကျပ် ၁၃၀ဝ၀ဝ၊ ပဲကြီးမဲ (ချင်း) ၁၉ ပိဿာ တစ်တင်းလျှင် ကျပ်၈၅၀ဝ၀၊ ပဲစင်းငုံနီ ၂၀ ပိဿာ တစ်တင်းလျှင် ကျပ် ၁၀၈၈၀ဝ-၁၀၉၇၀ဝ၊ မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ကျပ်၉၂၀ဝ၀၊ စားတော်ပဲ ၂၀ ပိဿာ တစ်တင်းလျှင် ကျပ် ၁၁၇၀ဝ၀-၁၂၀ဝ၀ဝ ၊ မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ကျပ်၈၂၀ဝ၊ လုံးဆန်ဖြူ တစ် ပိဿာလျှင် ကျပ်၇၀ဝ၀-၇၁၀ဝ၊ မြေပဲဆန်(အောက်ကျ)တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

လင်းကိုကိုဖြိုး