Main menu

Background

ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခင်နှစ်ကာလတူဈေးထက် ပိုမြင့်တက်

Mon, 01/15/2024 - 10:56 -- journal_editor

ပြည်ခရိုင်အတွင်းရှိ ပြည်ဈေးကွက်သို့ ဆောင်းမြေပဲဆန်များကို ပြည်မြို့အနီးတစ်ဝိုက် ကျေးရွာများ၊ ပြည်-အောင်လံကြားရှိကျေးရွာ များနှင့် ရွှေတောင်မြို့ရှိ ကျေးရွာများဖြစ်သော ကျီးသဲ၊ ညောင်စာရေး ကျေးရွာများမှ နေ့စဉ် ပိဿာ၃၀ဝင်အိတ် ၇၀ဝ/ ၈၀ဝခန့် ဝင်ရောက် မှုရှိသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲဆန်များကို ရန်ကုန်၊  မန္တလေးဝယ်လက်များနှင့် ဒေသတွင်း ဆီစက်သမားများက အဝယ်ရှိ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပြည်ခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးမြေပဲ စိုက်ဧကမှာ ၄၁၃၀၈ စိုက်ပျိုးပြီး ၄၁၃၀၈ ဧကရိတ်သိမ်းခဲ့၍ တစ်ဧက အထွက်နှုန်းမှာ ၇၀ ဒသမ ၁၇ တင်းထွက်ရှိခဲ့သည်။ ယခုအချိန်တွင် ဆောင်းမြေပဲများ စိုက်ပျိုးနေချိန်ဖြစ်၍ စိုက်ဧကမှာ ၃၁၀၁၄ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။ စိုက်ပျိုးသည့်မျိုးများမှာ စပိန်မျိုး၊ ရေဆင်းမျိုး၊ တွန်တာနီ၊ ဆင်းပဒေသာနှင့် မကွေးမျိုးတို့ဖြစ်သည်။
မြေပဲဆန်ဈေးများအနေဖြင့် ယခုဇန်နဝါရီ ဒုတိယပတ်တွင် မြေပဲဆီကြိတ်ဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၊ မြေပဲဆီ ကြိတ်ဆန်(အနီ)တစ်ပိဿာလျှင် ကျပ် ၇၂၀ဝ  နှင့် မြေပဲလုံးဆန် (အဖြူ) တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၇၈၀ဝ ဖြင့် ပြည်ဈေးကွက်ရှိ ပွဲရုံများတွင် လက်လီ၊ လက်ကား ရောင်း ချလျက်ရှိသည်။ 
ယခင်နှစ်ဖြစ်သော ၂၀၂၃ ဇန်နဝါရီလဆန်းပိုင်းတွင် ရောင်းချ ခဲ့သော   မြေပဲဆန်ဈေးနှုန်းများမှာ မြေပဲဆီကြိတ်ဆန် တစ်ပိဿာလျှင် ကျပ် ၄၃၀ဝ၊ မြေပဲလုံးဆန်တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ ဖြင့် မန္တလေး ဝယ်လက်များနှင့် မြို့တွင်းဆီစက်များက ဝယ်ယူမှုရှိခဲ့သည်။ 
ထို့ကြောင့် မြေပဲဆန်ဈေးများကို ယခင်နှစ်နှင့် ယခုနှစ်ကာလတူအချိန်ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်တွင် ဈေးနှုန်းပိုမိုမြင့်တက်လာကြောင်း တွေ့ရသည်။ ထိုသို့ဈေးနှုန်းများမြင့်တက်လာရ ခြင်းမှာ ဝယ်လို အားအပေါ်မူတည်၍ ဈေးနှုန်းအတက်အကျရှိကြောင်း သိရသည်။                                                          

 

ဝေဝေမင်း (ပြည်)