Main menu

Background

ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသထွက် နှမ်းမျိုးစုံ ဈေးကောင်းရလျက်ရှိ

Mon, 01/15/2024 - 11:07 -- journal_editor

ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်နှင့် ဂန့်ဂေါခရိုင်တို့တွင် နှမ်းမျိုးစုံကို သီးထပ်အဖြစ် အဓိကစိုက်ပျိုးကြသည်။ စိုက်ပျိုး ထွက်ရှိသော နှမ်းအမျိုးအစာများမှာ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူနှင့် စမုန်နှမ်းနက်တို့ကို ပခုက္ကူမြို့နယ် ကံတော်၊ ကံလှ၊ တွင်းမ၊ ဒဟက်ခြောက်၊ အိုးရင့်ခြောက်တောင်း၊ ကျွဲတဲ၊ ပန်းတိုင်းခြုံရွာများတွင်  စိုက်ပျိုးကြသည်။ ပခုက္ကူကုန်စည်ဒိုင်သည် စီးပွားရေး အချက်အချာကျပြီး နယ်ပေါင်းစုံမှ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ဇန်နဝါရီလ ဒုတိယပတ် ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသော နှမ်းအမျိုးအစားများမှာ နှမ်းနက် စမုန်(ရှယ်)၊ နှမ်းစမုန်(ရိုးရိုး)၊ နှမ်းနက်(ဂွ)၊ နှမ်းဝါ၊ နှမ်းညိုတို့ဖြစ်ပြီး၊ ဇန်နဝါရီလ ဒုတိယပတ်၏ ဈေးနှုန်းများမှာ နှမ်းနက် စမုန်(ရိုးရိုး) တစ်တင်းလျှင် ကျပ်  ၉၀ဝ၀ဝ မှ ၁၁၇၀ဝ၀ ၊ နှမ်းနက်စမုန်(ရှယ်) တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ၊ နှမ်းနက်(ဂွ) တစ်တင်းလျှင် ကျပ်၁၀၂၀ဝ၀ ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်ကျပ် ၁၀၈၀ဝ၀ နှင့် နှမ်းဝါ (ပြင်) တစ်တင်းလျှင် ကျပ် ၉၄၀ဝ၀ ဖြစ်ပြီး စုစုပေါင်း အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ ၄၀ဝ၀ ကျော် အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူ ကုန်စည်ဒိုင်မှ သိရသည်။

 

လှိုင်ဥမ္မာဦး (ပခုက္ကူ)