Main menu

Background

ပဲစင်းငုံ

Mon, 02/05/2024 - 09:42 -- journal_editor

မန္တလေးတိုင်းဒေသကြီး    
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုး ကြီးမြို့နယ်တွင် ဇန်နဝါရီလမှစ၍ ပဲစင်းငုံများ ရိတ် သိမ်းထွက်ပေါ်နေပြီဖြစ်သည်။ ပဲစင်းငုံသီးနှံသည် အခြားသီးနှံများနှင့်မတူဘဲရှစ်လ၊ ကိုးလခန့် စိုက်ပျိုး ရသော သက်တမ်းကြာမြင့်သော သီးနှံတစ်မျိုးဖြစ် သည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အများ ဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးမှုအနေဖြင့် မေလနှင့် ဇွန်လများတွင် အများဆုံးစိုက် ပျိုးကြပြီး ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်သည်။ နွားထိုးကြီးမြို့နယ်နှင့် အနီးဝန်းကျင်ဒေသများ၌ ပဲစင်းငုံသီးနှံကို နှမ်း၊ မြေပဲတို့နှင့် သီးညှပ်စိုက်ပျိုးမှု များသည်။ နွားထိုးကြီးမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပဲစင်းငုံစိုက်ပျိုးမှုအနေဖြင့်  ၇၇၁၀၁ ဧကစိုက်ပျိုးခဲ့ပြီး  လက်ရှိ ရိတ်သိမ်းပြီးစီးမှုအနေဖြင့် ၅၁၀၂၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရှိရသည်။ တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၈ သမ၂၅ တင်းနှုန်းဖြင့် တင်းပေါင်း ၄၂၀၉၄၈ တင်း ထွက်ရှိပြီ ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ပဲစင်းငုံသီးနှံကို ၇၈၀၁၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၆ ဒသမ ၅၅ တင်းနှုန်းဖြင့် တင်းပေါင်း ၅၁၀၉၂၇ တင်း ထွက်ရှိခဲ့သည်။ စိုက်ပျိုးမှုအနေဖြင့် ယခင်နှစ် နှင့်နှိုင်းယှဉ်လျှင်  ယခုနှစ် စိုက်ပျိုးမှုမှာ ဧက ၉၁၀ လျော့နည်းခဲ့သည်။ ယခုနှစ် စိုက်ပျိုးမှုတွင် အခြား စိုက်ပျိုးရက် သက်တမ်းတိုသည့် သီးနှံများ စိုက်ပျိုး မှုများသောကြောင့် စိုက်ပျိုးဧက လျော့နည်းရခြင်း ဖြစ်ကြောင်း သိရသည်။ 
ယခင်နှစ် ပဲစင်းငုံများ စတင်ထွက်ပေါ်ချိန် တွင် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ်  ပဲစင်းငုံပေါ်ချိန်တွင် တစ်ပိဿာလျှင် ကျပ် ၅၂၀ဝ ဝန်းကျင်ဖြင့်  စတင်ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဇန်နဝါရီလ စတုတ္ထပတ်တွင်  တစ်ပိဿာလျှင် ကျပ် ၅၃၀ဝ-၅၄၀ဝ ဝန်းကျင်များရှိပြီး၊ မြို့ပေါ် ကုန်သည် များမှ  ဝယ်ယူစုဆောင်း၍  မန္တလေးမြို့သို့ တင်ပို့ ရောင်းချကြကြောင်း  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရ သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တွင်လည်း ပဲစင်းငုံသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိ သည် ။ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်  ကျောက်ဆည် မြို့နယ်တွင် ပဲစင်းငုံစိုက်ဧက ၈၆၇ဧက၊ မြစ်သား မြို့နယ်တွင် ၆၈၅ ဧက၊ စုစုပေါင်း ၁၅၅၂ဧက စိုက်ပျိုး ထားရှိပြီး ယခုလက်ရှိအချိန်ထိ ၃၀၂ ဧက ရိတ်သိမ်း ပြီးစီးကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ကိုးတင်းအထိ ထွက်ရှိကြောင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၏စာရင်းများ အရ သိရသည် ။ ပဲစင်းငုံများ အောင်မြင်စွာ သီးပွင့် နေချိန်တွင် ပဲစင်းငုံဈေးနှုန်းမှာ ပိဿာ ၂၀ ဝင် တစ် တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ဈေးနှုန်းများဖြင့်ရောင်းဝယ် လျှက်ရှိသည်။ ယခု ပဲစင်းငုံပေါ်ချိန်တွင် ပဲစင်းငုံတစ် တင်းလျှင် ကျပ် ၁၀၈၀ဝ၀ ဈေး နှုန်းများဖြင့်ရောင်းချ ရသဖြင့်  ပေါ်ဦးပေါ်စ  ပဲစင်းငုံစိုက် တောင်သူများ ဈေးကောင်းရရှိသဖြင့်  အကျိုးအမြတ်များ   ရရှိ ကြောင်း၊ ယခင်နှစ် ပဲစင်းငုံပေါ်ချိန်တွင် တစ်တင်း လျှင် ကျပ် ၅၇၀ဝ၀ သာ ရောင်းချခဲ့ရကြောင်း သိရ သည်။  ပဲစင်းငုံသီးနှံ စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများရှိသလို စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်များ  ပိုမိုရရှိသောကြောင့် ပဲစင်းငုံ သီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်သည်။
မကွေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက် မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာ ၌ ပဲစင်းငုံသီးနှံကို သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး ယခု နှစ်တွင် အထွက်နှုန်းအနေဖြင့် ပိုမိုထွက်ရှိပြီး ဈေး ကောင်းရရှိကာ ပဲစင်းငုံစိုက် တောင်သူများအနေဖြင့်  အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း သိရသည်။
ဇီးတောကျေးရွာ၌ ပဲစင်းငုံစိုက်တောင်သူ  ၅၀ ဦး ခန့်ရှိပြီး စိုက်ဧကမှာ ဧက ၁၀ဝ ဝန်းကျင်ရှိကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ကျပ် ၁၀ဝ၀ဝ၀ ခန့်သာ ကုန်ကျပြီး ယခုနှစ်တွင်မူ သွင်းအားစုစရိတ်မြင့်တက် လာ၍ ကျပ် ၁၅၀ဝ၀ဝ ခန့်ကုန်ကျခဲ့ကြောင်း၊ ယခင် နှစ်က တစ်တင်းလျှင် ကျပ် ၅၅၀ဝ၀ သာရရှိခဲ့ပြီး ယခု နှစ်တွင် ကျပ် ၁၁၁၀ဝ၀ ထိ ရရှိခဲ့ကြောင်း၊  တစ်ရွာ လုံးစုစုပေါင်း ပဲစင်းငုံဧက ဧက ၁၀ဝ မှ ပဲစင်းငုံ တင်း ၃၀ဝ ကျော်ထွက်ရှိခဲ့ကြောင်း၊ ထွက်ရှိသည့် ပဲစင်းငုံ များကို အထက်မင်းလှမြို့ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းအနေဖြင့် ပိုမိုထွက်ရှိပြီး ဈေးကောင်းလည်းရရှိသဖြင့် ပဲစင်းငုံ စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး   မကွေးခရိုင် တောင် တွင်းကြီးမြို့နယ်အတွင်းရှိ  ငမင်ကျေးရွာ၊ ဆိပ်ဖူး ကျင်းကျေးရွာ၊  ညောင်ကုန်းကျေးရွာ၊  အင်းရွာကြီးကျေးရွာတို့တွင် ပဲစင်းငုံများစိုက်ပျိုးလျက် ရှိပြီး တောင်တွင်း ကြီးမြို့ရှိ ကုန်သည်များထံသို့ ဝင်ရောက်လျက်ရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိသည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၆၅၀ဝ၀ ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဖြစ်၍ ကာလတူ နှိုင်းယှဉ်ပါက ယခုနှစ် ဇန်နဝါရီလ စတုတ္ထပတ် တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၅၅၀ဝ၀ ဈေးတက်ကာ အရောင်းအဝယ်ဖြစ်၍ ယခင်နှစ်ထက် ယခုနှစ်တွင်  တစ်ဆပို၍ ဈေးကောင်းပိုမိုရရှိသဖြင့် ပဲစင်းငုံ စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဌေးဌေး၊ သန်းအေး၊ မော်မော်အောင်၊ နှင်းလွင်ဦး