Main menu

Background

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံ ကြက်သွန်နီ အရောင်းအဝယ် အခြေအနေ

Mon, 02/05/2024 - 10:17 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးဈေးကွက် အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဇန်န ဝါရီလ စတုတ္ထပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ-၂၀ဝ၀-၂၃၀ဝ ဖြစ်ပြီး  တတိယပတ်တွင် ကျပ် ၁၇၀ဝ-၂၂၀ဝ-၂၅၀ဝ ဖြစ်၍ ကျပ် ၂၀ဝ ကျဆင်းလာကြောင်း၊ ရေနံ ချောင်း၊ ပခုက္ကူ၊ မြစ်သျားမြို့တို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီ များကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲ မြို့များမှ   ပြန်လည်ဝယ်ယူကြပြီး   တစ်နေ့လျှင် ပိဿာချိန် ၁၀ဝ၀ ခန့်၊ တစ်ပတ်လျှင် ၉ တန်ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ပွဲရုံများမှသိရသည်။
ရေနံချောင်းဈေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ် သော ကြက်သွန်နီဈေးနှုန်းများမှာ ဇန်နဝါရီလ စတုတ္ထပတ် တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀-၁၄၀ဝ-၁၈၀ဝ ဖြစ်ပြီး  တတိယပတ်တွင် ကျပ်၁၂၀ဝ-၁၆၀ဝ-၂၀ဝ၀ ဖြစ်၍ ကျပ် ၂၀ဝ ဈေးနှုန်းကျဆင်းလာကြောင်း၊  ကြက်သွန်နီများကို ပွဲရုံမှတဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့ တင်ပို့ ရောင်းချ ပြီး  တစ်နေ့လျှင်  ပိဿာချိန် ၁၀ဝ၀ဝ ခန့်၊   တစ်ပတ်လျှင် တန်ချိန် ၉၇ တန်ခန့်   အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရသည်။                                        

 

လင်းကိုကိုဖြိုး