Main menu

Background

အဝင်များသဖြင့် ဈေးကျနေသည့် ပြည်ကြက်သွန်နီ

Mon, 02/05/2024 - 10:18 -- journal_editor

ပြည်ဈေးကွက်သို့ ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကြက်သွန်နီ အဓိက စိုက်ပျိုးရာ မကွေးတိုင်းဒေသကြီး တောင်တွင်း၊ ဗိဿနိုး၊ စစ်တလင်း၊ ဆိပ်ဖြူ၊ ရေနံ ချောင်း စသည့်နယ်များမှ အထွက်များ စုံနေသည့်အတွက် အမျိုးအစားစုံစွာဝင် ရောက်မှုရှိနေသည်။ ပြည်ဈေးကွက်သို့ ပိဿာချိန် နှစ်သောင်းခန့် ရက်ခြားအဝင်ရှိ နေပြီး ဝင်ရောက်လာသော အမျိုးအစားအနက် ဆိပ်ဖြူနှင့် ရေနံချောင်း ကြက်သွန်နီ တို့မှာ အရည်အသွေးကောင်းသဖြင့် ဈေးနှုန်းမှာအမြင့် တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ-၂၈၀ဝ ထိရရှိကြောင်း သိရသည်။ 
ပစ္စည်းရော ဈေးနှုန်းပါချိုသာပေါများနေသည့်အတွက် အဝယ်လိုက်နေပြီး ဒေသတွင်း အိတ်ဆွဲဝယ်ရောင်းသမားများ၊ ပုံမှန် လက်လီဝယ်လက်များနှင့် ပန်း တောင်း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်နှင့်  ဧရာဝတီ(ကြံခင်း)တို့သို့ နယ်ကျော် စီးဆင်းမှုများနှင့် အရောင်း အဝယ်ဖြစ်နေသည်။ ပြည်ပွဲရုံများနှင့် လက်လီဈေးများရှိ ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး၊ လတ်၊ သေး ကျပ်  ၂၃၀ဝ၊ ၂၂၀ဝ-၂၁၀ဝ၊ ၂၀ဝ၀-၁၈၅၀နှုန်းတို့ရှိပြီး လက်လီဈေးများတွင် ကျပ် ၂၅၀ဝ-၂၄၀ဝ၊ ၂၃၀ဝ-၂၂၀ဝ၊ ၂၁၀ဝ-၂၀ဝ၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည်။ 
လက်လီဈေးများတွင် အရည်အသွေးဖြင့် ဆိပ်ဖြူ၊ ရေနံချောင်း၊ ကြက်သွန်နီ များ ဈေးနှုန်းမြင့်သည့်အတွက် အနည်းငယ်သာ ဝယ်ယူရောင်းချမှုရှိကြောင်း သိရ သည်။                                                                                          

 

ဝင်းလဲ့ဝါ(ပြည်)