Main menu

Background

ပျော်ဘွယ်မြို့နယ် ကျေးရွာများတွင် ခရမ်းချဉ်(ဆောင်းသီး)များ စိုက်ပျိုးအောင်မြင်လျက်ရှိ

Mon, 02/05/2024 - 11:42 -- journal_editor

ကျေးရွာများတွင်  ခရမ်းချဉ် (ဆောင်းသီး) စိုက်ပျိုးတောင်သူ ၁၀ ဦးခန့်ရှိပြီး    ဧက ၂၀ ခန့် အောင်မြင်စွာ စိုက်ပျိုးထားသည်ကို တွေ့ရသည်။ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လဆန်းတွင် ခူးဆွတ်ရကြောင်း၊   ရွှေဖရုံမျိုးများကို အများဆုံး စိုက်ပျိုးထားကြောင်း၊ အရင်းအနှီးနည်းပြီး အချိန် တိုအတွင်း ငွေရလွယ်သောသီးနှံဖြစ်သည့်အတွက် အများအားဖြင့် နှစ်စဉ် ပုံမှန်စိုက်ပျိုးကြကြောင်း သိရသည်။ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ သွင်းအားစု စရိတ်၊ လုပ်သားခ စရိတ်အားလုံးပေါင်း  တစ်ဧက ကုန်ကျစရိတ် ကျပ် ၂၅၀ဝ၀ဝ ခန့်သာ   ကုန်ကျ ကြောင်း၊ တစ်ဧက   ပျမ်းမျှအထွက်နှုန်း  ပိဿာ ၅၀ဝ ခန့်  ထွက်ရှိကြောင်း၊ ယခင်နှစ်ဈေးနှုန်း တစ် ပိဿာ ကျပ်၇၀ဝမှ၁၅၀ဝဖြင့် ရောင်းချရပြီး ပျမ်းမျှ ကျပ် ၁၀ဝ၀ဈေးဖြင့် ရောင်းချခဲ့ရကြောင်း၊ အထိုက် အလျောက် အကျိုးအမြတ်များရရှိခဲ့ကြောင်း ထွက် ရှိသည့် ခရမ်းချဉ်သီးများ တစ်ပိဿာ ကျပ် ၁၀ဝ၀ နှင့် အထက်ရရှိလျှင်    တွက်ချေကိုက်ကြောင်း သိရပြီး ထွက်ရှိသော ခရမ်းချဉ်သီးများကို   ရွာ အရောက် လာဝယ်ယူသောပွဲစားများနှင့် မြို့ပေါ်ရှိ ဒိုင်များသို့လည်း တင်ပို့ရောင်းချကြသည်။ ခရမ်းချဉ်(ဆောင်းသီး) မှာ စိုက်ပျိုးအောင် မြင်ရန် လွယ်ကူခြင်း၊ ကုန်ကျစရိတ်နည်း၍ အကျိုး အမြတ်များများရရှိခြင်း၊   အချိန်တိုအတွင်း ငွေရ လွယ်ခြင်း၊ ပြည်တွင်းစားသုံးမှုများသည့်အတွက် ဈေးကွက် မခက်ခဲခြင်း စသည့်အချက်များကြောင့် အခြားတောင်သူများလည်း စိုက်ပျိုးသင့်ကြောင်း သိရသည်။    

 

စန်းအောင်(မိတ္ထီလာ)