Main menu

Background

ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ(ဥ)စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ

Mon, 02/05/2024 - 11:55 -- journal_editor

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ (ဥ)စိုက်ကို    စိုက်ဧက   ၉၀ဝ ဝန်းကျင်ခန့် ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ မိုးကြက် သွန်နီ(ဥ)စိုက်ကို   အောက်တိုဘာလလယ်မှ နိုဝင်ဘာလကုန်အထိ စိုက်ပျိုးကြပြီး ဇန်နဝါ ရီလဆန်းပိုင်းမှ ဖေဖော်ဝါရီလအထိ တူးဖော် ကြသည်။ ယခုနှစ်တွင်  ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိသော    ကြက်သွန်နီကို စိုက်ဧက ၁၀ဝ၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးကြောင်း သိရှိ ရသည်။
မိုးကြက်သွန်နီ     စိုက်ပျိုးထုတ်လုပ်မှု အနေဖြင့် တစ်ဧကလျှင် မျိုးဥ ဝယ်ယူခ၊ သွင်း အားစု ဝယ်ယူခ၊ လုပ်သားခ အပါအဝင် စုစု ပေါင်း ကျပ်သိန်း ၃၀ ခန့်   ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တောင်သူတစ်ဦးချင်း စိုက်ပျိုးချိန်ရာသီနှင့်  သွင်းအားစုသုံးစွဲပုံ မတူ ညီ၍ ကွာခြားမှုရှိကြောင်း ယခင်နှစ်စိုက်ပျိုး ချိန်တွင် ရာသီဥတု ကောင်းမွန်၍ တစ်ဧက လျှင် ပိဿာ ၃၅၀ဝ-၆၀ဝ၀ အထိ ထွက်ရှိပြီး သီးနှံပေါ်ချိန်    ဒေသတွင်း  ပေါက်ဈေး တစ် ပိဿာလျှင် ကျပ် ၁၅၀ဝ-၂၅၀ဝ ဈေးအသီး သီးဖြင့် ရောင်းချခဲ့ရကြောင်း၊ ယခုနှစ် စိုက် ပျိုးချိန်တွင် ရာသီဥတုဖောက်ပြန်၍ အထွက် နှုန်း လျော့ကြောင်း၊ တစ်ဧက ပိဿာ ၃၀ဝ၀-၄၀ဝ၀ ခန့်အထိသာ ထွက်ရှိကြောင်း၊ဈေးနှုန်း အနေဖြင့် သီးနှံပေါ်စ  ဒေသပေါက်ဈေး တစ် ပိဿာလျှင် ကျပ် ၂၀ဝ၀-၂၂၀ဝဈေးဖြင့် ရောင်းချရပြီး     တစ်ဧက အထွက်နှုန်းပိဿာ ၃၅၀ဝ ခန့်ထွက်ရှိ၍  ကျပ်သိန်း ၇၀ ခန့်ဝင်ငွေ ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ် သိန်း ၄၀ ခန့် ရရှိကြောင်း ဆိပ်ဖြူမြို့ ရွာသစ်ကျေးရွာ ရှိ မိုးကြက်သွန်နီ(ဥ)စိုက်  တောင်သူတစ်ဦးထံ မှ သိရှိရသည်။
မိုးကြက်သွန်နီ (ဥ)စိုက် ဈေးကွက်သည် တောင်သူများ    တူးဖော်ရောင်းချချိန်တွင် အချိန်နှင့် တစ်ပြေးညီ နေ့စဉ်နှင့်အမျှ ဝယ်လို အား ဈေးကွက်အပေါ်  မူတည်ပြီး ဈေးနှုန်း ပြောင်းလဲမှုရှိ၍   တောင်သူတစ်ဦးချင်းမှာ အကျိုးအမြတ်ရရှိပုံ  မတူညီကြောင်း ဒေသခံ စိုက်တောင်သူမှပြောသည်။
ဆိပ်ဖြူမြို့မှ ထွက်ရှိသည့် ကြက်သွန်နီ များကို     ပြည်တွင်းစားသုံးမှုအပြင် ပြည်ပ ပို့ကုန်အဖြစ် ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဘင်္ဂ လားဒေ့ရှ်နှင့်  အိန္ဒိယနိုင်ငံများသို့ တင်ပို့လျက် ရှိရာ   ဈေးကွက် အခိုင်အမာရရှိသည့်အပြင် မိမိဒေသစီးပွားဖွံ့ဖြိုးရေးနှင့်   နိုင်ငံတော်၏စီးပွားရေးကိုပါ    အထောက်အပံ့ဖြစ်စေသည့် ကြက်သွန်နီသီးနှံကို  ဆိပ်ဖြူမြို့နယ်ရှိ  စိုက် တောင်သူများမှ   နှစ်စဉ်မပြတ်   ဒေသစီးပွား ဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

မြင့်မြင့်သန်း(ပခုက္ကူ)