Main menu

Background

ဆိပ်ဖြူ ကြက်သွန်နီ ဈေးကွက်

Mon, 03/04/2024 - 10:00 -- journal_editor

ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် မိုးကြက်သွန်နီများ ဆိပ်ဖြူ ကုန်စည်ဒိုင် ဈေး ကွက်သို့ နေ့စဉ် ပိဿာသုံးသောင်းခန့်နှင့် တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ သုံးသိန်း ခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။
ကြက်သွန်နီဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် တရိပ်ရိပ် ဈေးမြင့်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီ(ဂျွန်)တစ်ပိဿာလျှင် ထိပ်စ အမြင့်ဈေး ကျပ် ၂၆၀ဝ၊ အလတ်စ ကျပ် ၂၄၅၀၊ အနိမ့်စကျပ် ၁၉၀ဝ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီ တတိယပတ်တွင် ကြက်သွန်နီ တစ် ပိဿာလျှင် ထိပ်စအမြင့်ဈေးမှာ ၂၂၂၅ ကျပ်၊ အလတ်စ ကျပ် ၂၀၅၀၊ အနိမ့်စ ကျပ် ၁၆၀ဝ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။  
ယခင် ဖေဖော်ဝါရီလ တတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခု ဖေဖော်ဝါရီ စတုတ္ထပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေးထိပ်စ ကျပ် ၃၇၅၊ အလတ်စ ကျပ် ၄၀ဝ၊ အသေးစ ကျပ် ၃၀ဝ ဈေးမြင့်၍ အရောင်းအဝယ်ဖြစ် ခဲ့သည်။ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်ပဝယ်လိုအား ဈေးကွက်များခြင်းနှင့် ကြက် သွန်နီ ကုန်လက်ကျန် နည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ 
ဆိပ်ဖြူမြို့မှထွက်ရှိသော ကြက်သွန်နီများကို ရန်ကုန် ဘုရင့်နောင် ကုန်စည် ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက် သွန်နီကုန်ချိန်ပိဿာ သုံးသိန်းခန့်၊ တန်ချိန်အားဖြင့် တန်၄၉၀ ခန့် ကုန်စည်စီးဆင်း ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။                    

 

မြင့်မြင့်သန်း(ပခုက္ကူ)