Main menu

Background

စိုက်ပျိုးသင့်သည့် ငွေနှင်းမှိုလုပ်ငန်း

Mon, 03/04/2024 - 10:47 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ ဆပ်သွား တော ကျေးရွာ ငွေနှင်းမှိုစိုက်ပျိုးရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်မှစတင်ခဲ့ပြီး မှိုစိုက်ပျိုးခြင်းမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော အော်ဂဲနစ်လုပ်ငန်းဖြစ်ကြောင်း ကိုယ် တိုင်မျိုးထုပ်၊ မျိုးပုလင်းများပြုလုပ်၍ မျိုးပုလင်းတစ်ပုလင်းလျှင်  ကျပ် ၁၅၀ဝ  ဖြင့် လက်လီ/လက်ကား ရောင်းချလျက်ရှိကြောင်းသိရသည်။  မျိုးပုလင်းပြုလုပ်ရာတွင် ပါဝင်သော ပစ္စည်းများမှာ လွှဇာ၊ ဖွဲနု၊ ထုံး၊ ဆခါး၊ သကြား ငါးမျိုးရောစပ်၍ မျိုးထုပ်ရကြောင်း မျိုးထုပ်ဆိုဒ်မှာ နှစ်မျိုးရှိကြောင်း၊ စိုက်ပျိုးထားသည့်နေရာ  (20'x50')အကျယ်အဝန်းရှိ တစ်ရုံသာရှိပြီး စိုက်ပျိုးထုပ်ပေါင်း ၁၀ဝ၀ ထုပ် စိုက်ပျိုးထားရှိကြောင်း  တစ်ရက်လျှင် မှိုပိဿာချိန် ငါးပိဿာခန့်  ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ထောက်ကြန့်ဈေးသစ်နှင့် အိမ်သို့လာယူသော ဖောက်သည်များ ကို တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပြီး စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နိုင်ကြောင်း ရေးသားလိုက်ရပါ သည်။

 

ဖြူဖြူမြင့် (ရန်ကုန်)