Main menu

Background

ဗန်းမော်ဒေသထွက် ဆောင်းအာလူး ဈေးကွက်

Mon, 03/04/2024 - 10:53 -- journal_editor

ကချင်ပြည်နယ် ဗန်းမော်မြို့၏ ဒေသထွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းအာလူးကို  ဗန်းမော်မြို့ အရှေ့ ဘက် တာပိန်မြစ်ကမ်း မြေနုကျွန်းပေါ်စိုက်ခင်းများတွင်လည်းကောင်း မံမလင်း၊ ကောင်းစင့်၊ သပြေကုန်း၊ ရေနီကျေးရွာများတွင် လည်း စိုက်ပျိုးလျက်ရှိကြသည်။ ဆောင်းအာလူးကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန်ခါနီးတွင် ရိတ်သိမ်းကြသည်။  ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဗန်းမော်မြို့နယ်အတွင်း အာလူးစိုက်ဧကမှာ ၇၁၂ ဧကရှိပြီး ထွက်ရှိမှုမှာ ပိဿာ ၂၀၂၃၆၈၂ ကျော်ခန့်ဖြစ်သည်။ ယခုနှစ်တွင် အာလူးစိုက်တောင်သူများမှာ ယခင်နှစ်ထက် ပိုမို၍ စိုက်ပျိုးလျက်ရှိသည်။
ထွက်ရှိလာသော အာလူးများကို ကျေးရွာများမှတစ်ဆင့် စက်လှေများဖြင့် သယ်ဆောင်၍ ဗန်းမော်သီးနှံကုန်သည်များသို့ လာရောက်ရောင်းချလျက်ရှိသည်။ ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ဆောင်းအာလူး တစ်ပိဿာလျှင်  ဖောက်သည်ဈေးနှုန်းမှာ ကျပ် ၁၂၀ဝ မှ ၁၃၀ဝ ထိရှိပြီး လက်လီဈေးအနေဖြင့်  အရွယ်အစားအလိုက် ဆောင်းအာလူး  တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ  မှ ၁၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ဗန်းမော်မြို့နယ်များမှ ထွက်ရှိလာသော ဆောင်းအာလူးများကို မန္တလေးပွဲရုံများသို့  ၁၂ ဘီး တွဲကားများဖြင့် တင်ပို့ရောင်း ချလျက်ရှိပြီး ဗန်းမော်-မန­္တလေး သယ်ယူစရိတ်နှုန်းထားများမှာ ပိဿာ  ၄၀ ပါ တစ်အိတ်လျှင် သယ်ယူပို့ဆောင်ခ ကျပ် ၁၆၀ဝ၀ ရှိကြောင်း သီးနှံကုန်သည်များထံမှ သိရသည်။                                                                            

 

ရဲရင့်ဖြိုး (ဗန်းမော်)