Main menu

Background

ပြည်ခရိုင်၏လယ်ယာထွက်ကုန်ဈေးကွက်

Mon, 03/04/2024 - 11:04 -- journal_editor

မြေပဲဆန်
ပြည်ခရိုင်မှထွက်ရှိသော မြေပဲဆန်များကို ပြည်မြို့ရှိ ဈေးကွက် များနှင့် ပွဲရုံများသို့ ရောင်းချပြီး မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှ ဝယ်ယူကြသည်။ မိုးမြေပဲနှင့်ဆောင်းမြေပဲလှိုင်လှိုင်ပေါ်ချိန်တွင် ပြည် မြို့ရှိဈေးကွက်များသို့ နေ့စဉ်အိတ်  ၁၀ဝ၀/၁၅၀ဝ ခန့် ဝင်ရောက်မှု ရှိသလို အရောင်းအဝယ်ဖြစ်မှုမှာလည်း  ဝင်သလောက် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။မြေပဲဆန်ဈေးများမှာဈေးကွက်ပေါ် မူတည် ပြီး ဈေးအတက်အကျရှိသည်။    
နှမ်း
ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် နှမ်းဈေးများ မြင့်တက်လာ ခဲ့သည်။ နှမ်းဈေးများ မြင့်တက်လာရခြင်းမှာ နှမ်းဝင်ရောက်မှု နည်း သွားပြီး ဝယ်လိုအား များလာသောကြောင့်ဖြစ်သည်။ နှမ်းနီလက်ကျန် နည်းပါးလာပြီး ဆီကြိတ်ရန် ဆီစက်သမားများက ဝယ်ယူမှုရှိ၍ ဈေး မြင့်တက်ခဲ့ခြင်းဖြစ်ပြီး နှမ်းနက်နှင့်စမုန်နက်နှမ်းမှာ  ပြည်ပသို့တင်ပို့ရန် ဝယ်ယူမှုရှိ၍ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ နှမ်းဈေးနှုန်း များအနေဖြင့် ဖေဖော်ဝါရီနောက်ဆုံးပတ်တွင်  နှမ်းနီ(၃)တင်းတစ် အိတ်လျှင် ကျပ် ၃၄၀ဝ၀ဝ၊   နှမ်းနက်(၃)တင်းတစ်အိတ်လျှင် ကျပ် ၃၇၀ဝ၀ဝ နှင့် စမုန်နက်နှမ်း (၃)တင်း  တစ်အိတ်လျှင် ကျပ် ၃၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဇန်နဝါရီလ နောက်ဆုံးပတ် ဈေးနှင့်နှိုင်းယှဉ်လျှင် နှမ်းနီ(၃)တင်း တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀ ၊ နှမ်းနက်(၃)တင်း တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ နှင့် စမုန်နက်နှမ်း(၃)တင်းတစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ဖြင့် ဈေးနှုန်းများ  မြင့်တက်လာခဲ့ သည်။ နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၄၅၀ဝ ရှိသည်။
ဗိုလ်ကိတ်ပဲ
ပြည်ဈေးကွက်တွင် တစ်ရက်လျှင် အိတ် ၃၀ဝကျော် ဝင်ရောက် ပြီး ပြည်အနီးတစ်ဝိုက်ဒေသများမှ ဝင်ရောက်ခြင်းဖြစ်ကာ လက်လီ/ လက်ကား အရောင်းအဝယ်သွက်နေခဲ့သည်။ ပဲတစ်တင်းလျှင်  ကျပ် ၇၃၀ဝ၀ဈေးပေါက်နေပြီး   ယခင်လကုန်ပတ်က  ပဲတစ်တင်း ကျပ် ၇၇၀ဝ၀ထိရှိခဲ့သဖြင့် တစ်တင်း ကျပ်  ၄၀ဝ၀ ခန့်  လျော့နည်းသွားခဲ့ သည်။ 
ပဲစင်းငုံ
ပြည်ပဲဈေးကွက်မှာ ပဲစင်းငုံသီးနှံသစ်များ  အဝင်ဆက်တိုက်ရှိ လာပြီး တစ်ရက်အိတ် ၄၀ဝကျော် ဝင်ရောက်ခဲ့သည်။ ပြည်ဈေးကွက် သို့ ပန်းတောင်း၊ ဥသျှစ်ပင်ဘက်မှ နေ့စဉ်  ဝင်ရောက်လာခြင်းဖြစ်ပြီး ဝယ်လိုအားအနေဖြင့် ရန်ကုန်ဝယ်လက် အဓိကထား  ဝယ်ယူသဖြင့် ပဲဈေးနှုန်းမှာ တစ်တင်း ကျပ် ၁၁၈၀ဝ၀ မှ ကျပ် ၁၁၉၀ဝ၀ အထိ ဈေး ရရှိ၍ ဈေးကွက်အတွင်း ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ဈေးအမြင့် ဆုံးရလျက်ရှိသည်။ ယခင်နှစ်က ကာလတူ ပေါက်ဈေးနှုန်းမှာ တစ် တင်းကျပ် ၆၇၅၀ဝ သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ပဲစင်းငုံသီးနှံ သည် ဈေးကောင်းဝင် သီးနှံတစ်မျိုးဖြစ်နေခဲ့သည်။ 
ပဲတီစိမ်း
ပြည်ပဲဈေးကွက်၌ ဖေဖော်ဝါရီလတွင် ပဲအဝင်ပါးခဲ့ပြီး အိတ် အနည်းငယ်သာ ဝင်ရောက်မှုရှိခဲ့သည်။ အခြားပဲများဖြစ်သော မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံသီးနှံများ အဝင်လှိုင်ချိန်တွင်  ပဲတီစိမ်းသီးနှံ အဝင် နည်းသွားသလို ဈေးနှုန်းအနေဖြင့်လည်း ပဲတစ်တင်း ကျပ် ၇၃၀ဝ၀ ဖြင့် ရောင်းဝယ်လျက်ရှိခဲ့သည်။ ပဲသစ်ပေါ်စအချိန်က တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ကျော်ဖြင့် အဖွင့်ဈေးထက် ဈေးပိုရလျက်ရှိသည်။
မတ်ပဲ
မတ်ပဲသီးနှံသည် ဇန်နဝါရီလအတွင်းမှစ၍ပဲသစ်များဝင်ရောက် လာပြီး ယခုအချိန်တွင်  ပဲအထွက်လှိုင်လာပြီဖြစ်သဖြင့်   တစ်ရက်လျှင် အိတ်၇၀ဝကျော်၊၈၀ဝအထိ ပြည်အနီးတစ်ဝိုက်ဒေသများမှဝင်ရောက် ခဲ့သည်။ ယခုကာလ ပဲလှောင်သမားထက် လိုင်းသမားများ ပိုအဝယ် ဖြစ်ကာ ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ကြသည်။ ရန်ကုန် ဝယ်လက် အဓိကဝယ်ယူမှုရှိပြီး ပဲဈေးနှုန်းအနေဖြင့်  ပိဿာ ၂၀တစ် တင်းလျှင် ကျပ်  ၉၅၅၀ဝ ဖြင့်သာ ပဲဈေးနှုန်း  လျော့နည်းသွားခဲ့သည်။ ပဲသစ်ပေါ်စချိန်တွင် ပဲတစ်တင်း တစ်သိန်းကျော်ထိရရှိခဲ့ကာပဲအထွက် လှိုင်ချိန်တွင် ကျပ် တစ်သိန်းအောက်သာ ရရှိသည်။  

ဝေဝေမင်း၊ ခင်ဆွေဝင်း (ပြည်)